Chapter - 17

5.1K 555 27
                                    


Chapter - 17

.
.
.
.
.

နိုးနေကြ အချိန်မလို့ မျက်လုံးက အသားကျနေပြီး ။ ၇ နာရီထိုးပြီ ဆိုတာနဲ့ ပွင့်လာတဲ့ မျက်လုံးလေး ။ ဝမ်ရိပေါ် နိုးလာတာကြောင့် အိပ်ရာမှ ထရန်ပြင်လိုက်တယ် ။ ဒါပေမယ့် ခါးနားမှာ ရှိနေတဲ့ တင်းကျပ်နေတဲ့ တစ်စုံ တစ်ခုကြောင့် ထမရတဲ့အခါ....

ဝမ်ရိပေါ် စောင်လေး အသာလှန်ပြီး ကြည်မိတော့ သူ့ခါးပေါ်မှာ ရှိနေတဲ့ လက်တစ်ဖက် ။ နောက်ကနေ တင်းကျပ်စွာ ဖက်ထားပုံပဲ ။ လက်အနေအထားကိုကြည့်လိုက်ရင် နှစ်ခါ စဉ်းစားစရာမလိုတဲ့ ရှောင်းကျန့် ။

ရှောင်းကျန့်က ဘာလို့ သူ့အိပ်ရာပေါ်မှာ ရောက်နေရတာလည်း ။ ဝမ်ရိပေါ် အတွေးလေးနဲ့ ခေါင်းလေး အသာအယာ နောက်ကို စောင်းကြည့်မိတော့ ရှောင်းကျန့်ရဲ့ တောင့်တင်းတဲ့ ရင်ခွင်က ဝမ်ရိပေါ် မျက်လုံးများနဲ့ တန်းနေတာပဲ ။

လခွီး...။ သူက ရှောင်းကျန့် လက်မောင်းပေါ် ဘယ်လို ရောက်နေတာလည်း ။ အခုမှ အရှေ့ကို ပြန်လှည့်ကြည့်တော့ ရှောင်းကျန့် လက်လေးတစ်ဖက်က ရှေ့ထုတ်ပြီး သူ့လက်ဖဝါး တစ်ဖက်ကို ဆုတ်ကိုင်ထားလို့ ။ နောက်လက်တစ်ဖက်က သူ့ခါးပေါ်မှာ တင်းကျပ်စွာ...။

ဝမ်ရိပေါ် နောက်ဖက်ကို ပြန်လှည့်ပြီး ပြန်ကြည့်မပြန်တယ် ။ အပေါ်ဝတ် အိကျီဗလာနဲ့ သူ့ကို နောက်ကနေ တင်းကျပ်စွာ ဖက်ပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်က တစ်မျိုး စွဲဆောင်မှုရှိစွာ။ ဝမ်ရိပေါ် တစ်ဒိတ်ဒိတ် ခုန်လာတဲ့ ရင်ဘက်ကို အသာဖိရင်း ရှောင်းကျန့်ဘက် မျက်နှာချင်းဆိုင် ဖြစ်အောင် အသာအယာလှည့်လိုက်တယ် ။

မှေးမှိတ်ထားတဲ့ မျက်ဝန်းလေးတွေပေါ်က ထင်းနေတဲ့ မျက်ခုံးတန်းတန်းကြီးတွေ ။ စင်းနေတဲ့ နှာတံ ။ ပါးလျှနေတဲ့ နှုတ်ခမ်းပါး ။ မိန်းကလေးပေါင်းများစွာကို ညို့ယူနေတဲ့ နှုတ်ခမ်းပါးလေးအောက်က မဲ့နက်လေး ။ သေးသွယ်တဲ့ လည်တိုင် ။ ထင်ရှားတဲ့ ညှက်ရိုး ။ တောင့်တင်းတဲ့ ရင်ဘက် ။ ဖွံ့ထွားတဲ့ ရင်အုံ ။ ဗိုက်သားပြင် ရှပ်ရှပ်နဲ့ ချက်မွှေးရှည်ရှည်လေးတွေ ။ ဝမ်ရိပေါ် တံတွေးကို ဂလုကနည်း မည်အောင်မျိုချမိတယ် ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now