အမုန်းတရားကို ကျော်လွန်၍ 💜
Extra.
.
.
.
.
." ရှောင်းရိလေး ခဏ ခဏ အီအီးပါနေတော့ ပါပါး စိတ်ဆိုးလာပြီနော် "
ရှောင်းကျန့် ဧည့်ခန်းထဲ ဝင်လာလာခြင်းပင် ကြားလိုက်ရတဲ့ အသံလေးကြောင့် ပြုံးလိုက်မိတယ်။
ချစ်ရတဲ့ အမျိုးသားလေးက လသားအရွယ် သားငယ်လေးနဲ့ ရန်ဖြစ်နေပြန်ပြီထင်ပါတယ် ။
" ရိပေါ် "
ရှောင်းကျန့် အသံပေးလိုက်တော့ ဝမ်းသာမျက်ဝန်းတွေနဲ့ မော့ကြည့်လာတဲ့ရိပေါ်လေးဟာ ရှောင်းကျန့်လက်ထဲကို လသားအရွယ် ကလေးငယ်လေး ထိုးပေးတယ် ။
" ကျန့်ကော သားလေးက အီအီးပါထားတယ် သုတ်ပေးလိုက် "
ရှောင်းကျန့် သူ့လက်ထဲရောက်လာတဲ့ သားလေးကို ငုံ့ကြည့်ပြီး ပြုံးရပြန်တယ် ။ သိပ်ချစ်ဖို့ကောင်းတဲ့ သားလေးက ရိပေါ်လေးနဲ့ သိပ်ကို တူတာ ။ အကျင့်လေးကောပေါ့ ။ အခုကြည့် သူ ကုမ္ပဏီက ပြန်လာတာကို ဧည့်ခန်းထဲ ထွက်စောင့်နေတဲ့ ဝမ်ရိပေါ်လေးနည်းတူ သားလေးကပါ အီအီးပါရင်း ကြိုဆိုနေလို့လေ ။
" သိလား ကျန့်ကော ။ သားလေးက ခဏ ခဏ အီးပါချနေလို့ အတွင်းခံတွေ လျှော်ဖို့ ပုံထားတာ ရေချိုးခန်းထဲမှာ "
ဒါဟာ ရှောင်းကျန့်ကို ဝမ်ရိပေါ်က သွယ်ဝိုက်တဲ့နည်းနဲ့ ခိုင်းနေတာ ။ ဒါပေမယ့် ဒါကို ကျေနပ်နေတဲ့ ရှောင်းကျန့်က ပြုံးလို့ ပျော်လို့ပေါ့ ။
" အင်း ရိပေါ် ကိုယ်သားလေးကို လဲပေးပြီးရင် လျှော်လိုက်မယ်နော် "
ရှောင်းကျန့် စကားကို ခေါင်းလေးငြိမ့်ကာ ပြုံးပြတဲ့ ဝမ်ရိပေါ်ဟာ တစ်ကယ်ကို ပီတိကလေးငယ်လေး ။
ရှောင်းကျန့် သားလေးကို အဝတ်လဲပေးပြီးတော့ သားလေးက အိပ်ပျော်နေပြီ ။ ဒါကြောင့် ရှောင်းကျန့် သားလေးကိုပါ တစ်ခါတည်း ပွေ့ချီပြီး အိပ်ခန်းဘက် ဦးတည်တော့ ဘေးနားက လိုက်ပါလာတဲ့ ဝမ်ရပေါ်လေ ။ ရှောင်းကျန့် သားလေးကို အိပ်ရာပေါ် အသာချနေတာကို မျက်တောင်မခက် ငေးကြည့်နေတဲ့ ဝမ်ရိပေါ် ။ ရှောင်းကျန့် သားလေးကို အိပ်ရာပေါ် အသာချပြီး ကုတင်ပေါ်မှ ခြေထောက်ချ ထိုင်နေတဲ့ ဝမ်ရိပေါ် ခြေထောက်လေးနား ထိုက်ချလိုက်တယ် ။