Chapter - 10

5.2K 475 8
                                    


Chapter - 10
.
.
.
.
.

" မင်းဖြစ်စေချင်တာ ဒီလိုပဲ မလား ဝမ်ရိပေါ် "

ဝမ်ရိပေါ် နှားရွက်လေးနား ကပ်ပြောလိုက်သလို ကြားလိုက်ရတဲ့ အသံလေးကြောင့် ဝမ်ရိပေါ် မျက်ဝန်းလေးများ ဖျက်ကနဲပွင့်လာတယ် ။

ညက ရှောင်းကျန့် ပြောသွားတဲ့ စကားလေးကို အခုအထိ ပြန်ကြားယောင်လို့ ။

အစက ရိပေါ် ရှောင်းကျန့်ကို ပျက်စီစေဖို့ ရည်ရွယ်ပေမယ့် အခုနောက်ပိုင်း ရှောင်းကျန့် ပျက်စီးနေတာကို မြင်ရတော့လည်း သူ စိတ်မချမ်းသားမိဘူးလေ ။

အတွေးလေးနဲ့ ပတ်ချာဝိုင်းနေတဲ့ ဝမ်ရိပေါ်က အိပ်ရာဘေးနားရှိ နာရီလေးကို တစ်ချက်ကြည့်လိုက်မိတော့ မနက် ၇ နာရီ.... ။

ဝမ်ရိပေါ် အိပ်ရာပေါ်က အသာထက ညဝတ်အိကျီလေးကို ကောက်ဝတ်ကာ အခန်းထဲက ထွက်ခဲ့လိုက်တယ် ။

ရိပေါ်ရဲ့ ခြေဦးတည့်ရာလေးကတော့.......။

"ရှောင်းကျန့် ရှောင်းကျန့် ခင်ဗျား ထစမ်း "

ရှောင်းကျန့် အိပ်နေရင်း ကြားလိုက်ရတဲ့ အသံလေးကြောင့် မျက်ခုံးလေး ကျုံ့မိသွားတယ် ။

တစ်ကယ်ပဲ ဝမ်ရိပေါ်ရာ အိမ်မက်ထဲ အထိတောင် ငါ့ကို လာဆူနေတာလား...။

" ရှောင်းကျန့် ထလို့ "

ဝမ်ရိပေါ် ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့် ခြုံထားတဲ့ စောင်ကို ဆွဲဖယ်လိုက်တော့ စောင်အောက်က ထွက်ပေါ်လာတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်လေးကို ခါးနေရာအထိ မြင်လိုက်ရတယ် ။

ရှောင်းကျန့်လည်း ဝမ်ရိပေါ် နည်းတူ ညအိပ်ရင် အဝတ်ချွတ်အိပ်တက်တယ်နေမှာ ။

ဝမ်ရိပေါ် အတွေးလေးနဲ့ ရှောင်းကျန့် ခန္ဓာကိုယ်စူးစမ်းကြည့်တော့.....

အညိုဘက်သန်းနေတဲ့ အသားအရေနဲ့ ရှောင်းကျန့်က ဆွဲဆောင်မှု ရှိစွာ ။ မှေးမှိတ်ထားတဲ့ မျက်ဝန်းလေးပေါ်က မျက်တောင် ရှည်ရှည်ဖြောင့်ဖြောင့်လေးတွေရယ် ။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် ။ ပြီးတော့ တင်းတင်းစိထားတဲ့ နှုတ်ခမ်းပါးလေးက ဆေးလိပ်အသောက်များလ်ို့နေမှာ အညိုရောင်ဘက်ပင် ရောက်လုနီးပါ ။ ဒါတွေက ရှောင်းကျန့်ကို မိန်းကလေးတွေ သိပ်ကြိုက်ကြတဲ့ အားသာချက်တွေနေမှာ ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin