❀.1.❀

27.5K 1.2K 23
                                    

𝐔𝐧𝐢

❀.ကြာငယ်.❀

"ဟယ်လိုမောင်"

"အင်း.."

"ဘယ်ချိန်ပြန်လာမှာလဲဟင်"

"ဒီညနောက်ကျမယ်"

"ဒီနေ့တရက်တော့စောစောလေးပြန်လာပေးလို့မရ..."

"ရှောင်ကျန့်...ခများကိုပြောပြီးပြီလေ..နောက်ကျပါမယ်ဆိုတာနားမလည်ဘူးလား?"

"အော်..အင်း..အင်းပါ..မောင်ရယ်"

တီး~~

စကားသံမဆုံးခင်ကျသွားတဲ့ဖုန်းလေး​ကိုဥပေက္ခာပြုရင်း..

"မောင်...ဒီနေ့ကကောတို့နှစ်ပတ်လည်နေ့လေးနော်..Happy 3 years Ani ပါမောင်"

ကျလာတဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပစ်ရင်း
တုန်နေတဲ့အသံကိုထိန်းကာ..

"ရှောင်ကျန့်မင်းငိုပြန်ပြီလား..ဒီလိုမဂ်လာနေ့မှာမင်းငိုစရာလား..ဖြန်း..ကဲကွာ..ငိုချင်ဦး"

ပူထူးသွားတဲ့ပါးကိုကိုင်ရင်းထိန်းမရတော့တဲ့မျက်ရည်တွေက တလဟောကျဆင်းလာခဲ့သည်...

"၀မ်းနည်းလို့မဟုတ်ဘူး..နာ...နာလို့ငိုတာ...ဟုတ်တယ်. ရိုက်လိုက်တာနာလို့ငိုတာ.."

အချိန်တန်ကြာငိုပြီးမှ..

"နေ့လည်တောင်ရောက်တော့မယ်..မောင်...မောင့်က်ိုနေ့လည်စာပို့ပေးရမယ်..မောင်ကခဏခဏဆာတတ်တာနဲ့...ဟုတ်တယ်..အခုသွားလုပ်မယ်.."

မောင့်အကြိုက်ပြင်ထားတဲ့ နေ့လည်စာလေးကိုရင်ခွင့်ထဲပိုက်ကာမောင်ရှိရာသို့...

❀. ကြာငယ် .❀

ကုမ္ပဏီရောက်တော့ လူအများကကျွန်တော့်ကိုကြည့်ကာစကားတွတ်တိုးနေကြသည်

သို့ပေမဲ့ဥပေက္ခာပြုရင်းသာ

"ရှင်းရီ..."

"အာ..boss ရဲ့.."

"ရှူး..မောင်ရှိလား.."

"ရှိတယ်..ဒါ..ဒါပေမဲ့.."

"ရှိရင်ရပြီ.."

အခန်းရှေ့ရောက်တော့ ပွင့်နေတဲ့တံခါးလေးကိုတွန်းဖယ်လိုက်ကာ..

"မောင်ရေ...ကောလာ..."

ဗုန်း~~

"မောင်~~ဒါ...ဒါကဘယ်လို~~"

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedWhere stories live. Discover now