^အိမ်ပြန်ရောက်ပြီ^
အသည်းပုံအနီရောင်လေးနဲ့ အမှတ်အသားလုပ်ထားတဲ့ contact name ပိုင်ရှင်ထံသို့ စာတစ်စောင်ပို့လိုက်တဲ့ ရိပေါ်မျက်နှာဟာပြုံးဖြီးဖြီး။
^အင်း ကောင်းကောင်းအနားယူနော်^
၁ မိနစ်အတွင်းပြန်ဝင်လာတဲ့ ချစ်သူအသစ်စက်စက်ထံမှ ပြန်စာလေး။
^ကောကိုလွမ်းနေတယ်^
ထိုသို့စာပြန်ပို့လိုက်မှ သိပ်များအကဲပိုသွားသလားရယ်လို့ ရိပေါ် နှုတ်ခမ်းကိုကိုက်လို့ထားမိတယ်။
ချစ်မိပြီဆိုမှတော့ မခွာချင်တဲ့စိတ်တွေ လွမ်းတဲ့စိတ်တွေက အလိုလို ကပ်လိုက်လာတယ်ထင်ပါရဲ့။
တစ်ညလုံးဘေးနားမှာထိုင် လက်ကလေးကိုင်ပြီး စကားတွေပြောနေရတာတောင် ရိပေါ်မှာ မကျေနပ်နိုင်သေး။
^ကောလဲအတူတူပဲ ... လွမ်းတယ်^ ဆိုတဲ့ပြန်စာလေးကို လက်ခံရရှိအပြီးတော့ ဝမ်ရိပေါ်တစ်ယောက်သွားမစေ့နိုင်တော့ပေ။
*အား အခုပဲ ပြန်သွားပြီးပြေးတွေ့လိုက်ချင်တယ်*
အတွေးထဲကစကားတွေကို အပြင်မှာပါ အရူးလိုအော်ပြောမိရဲ့။ ရိပေါ်ရဲ့ မားမားပါ ဒီခေါင်မိုးထပ်က အခန်းမှာ အတူမနေလို့တော်ပါသေးရဲ့၊ မဟုတ်ရင် သူ့သားတစ်ယောက် ရူးသွားပြီလို့ ထင်နေလိမ့်မယ်။
တကယ်တော့ ရင်ထဲမှာ သိပ်ကိုလွမ်းနေမိတာလေ၊ အဲဒါကို ဘယ်သူကကိုယ်ချင်းစာတတ်ပါ့မလဲ။
အခုမှချစ်သူဖြစ်ပေမယ့် ရိပေါ်ကချက်ချင်းတောင် လက်ထပ်ပစ်ချင်နေပြီ။
ရှောင်းကျန့်ကိုထားပြီးအိမ်ပြန်လာရတာကို ရိပေါ်က သဘောမကျချင်တော့ဘူးလေ။
ပါးပြင်နုနုလေးကို အနမ်းဖွဖွပဲပေးခဲ့ရတာကို အားမရ၊ ရှောင်းကျန့်ဆီက ချစ်တယ်ဆိုတဲ့စကားလေးလဲကြားရော အာဘွားရလူးမယ်ကြံကာရှိသေး၊ ရှောင်းကျန့်အမေဆီက ဖုန်းလာပါလေရော။
ဖုန်းပြောပြီးတော့တစ်ခါအနားကပ်မယ်ကြံတော့ အကိုယွင်ရှီးက နှစ်ယောက်သားထမင်းမစားကြဘူးလားဆိုပြီး လာခေါ်ပြန်တယ်။
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️