That Little Frisky Boss Ep 4
“မတွေ့ရတာကြာပြီနော် အိပေါ်လေး”
ဘုရားရေ။ ရိပေါ်အတွင်းရေးမှူးလုပ်ပေးရမယ့်သူက ငယ်ငယ်တုန်းက ရိပေါ်ကိုနည်းမျိုးစုံနဲ့ မွှေခဲ့ဂျစ်ခဲ့သည့် ရိပေါ်နာမည်ကို ဘယ်အချိန်ဖြစ်ဖြစ် အိပေါ်လို့သာခေါ်ခဲ့သည့် ယုန်ဆိုးကြီးကျန့်ကောတဲ့လား။
ကံတရားက ရိပေါ်ကို ကျီစယ်ပြီထင်တယ်။
လောကကြီးက မတရားဘူး။
ဒီလောက် တရုတ်ပြည်ကြီးမှာ 1.4 billion ကျော်တဲ့လူတွေရှိပါရက်နဲ့ ရိပေါ်ရဲ့ သူဌေးဖြစ်သူက ငယ်ကျွမ်းဆွေကြီး ကျန့်ကောဖြစ်နေတာတော့ တဆိတ်မတရားဘူးမဟုတ်လား။
“ရှောင်းကျန့် … ခင်ဗျားက ငယ်ငယ်တုန်းက ယုန်ဆိုးကြီး”
“အဟဲ အိပေါ်လေးက ကောကိုမှတ်မိသားပဲ”
သူ့မေးစေ့ကို သူလက်မနဲလက်ညှိုးသုံးကာ ပွတ်သပ်ရင်းတဟဲဟဲရယ်နေသူကို ရိပေါ်ဘယ်လိုမှမေတ္တာမထားနိုင်။
ကိုယ့်ရဲ့ငယ်ဘဝတစ်လျှောက်လုံး ဒီဘဲကြီးမွှေတာကိုကောင်းကောင်းခံလာရတာလေ။
ပါးနဲ့မားကလွဲရင် ဘယ်သူမှမထိဖူး မနမ်းဖူးသည့် ကိုယ့်ပါးနုနုထွတ်ထွတ်လေးကို အားကြီးနဲ့ ဖြဲကားနမ်းတာလဲ သူပဲ။
ကိုယ့်ကို “ဖင်ရုံးရုံးယေး” လို့ပြောကာ ကိုယ့်ရဲ့သဘာဝအရ အကိတ်လွန်နေတဲ့ဖင်လေးကိုလဲ လူလစ်တာနဲ့ လာညှစ်တာလဲ သူပဲ။
အဲဒီလူနဲ့ ဒီအသက်ဒီအရွယ်မှာ တစ်ခါထပ်ဆုံရတော့ ရိပေါ် မျက်လုံးမပြူးပဲမနေနိုင်။
ငယ်ငယ်တုန်းကတော့ ကလေးမို့ထားပါတော့၊ အခုများ အဲလိုတွေလာလုပ်ရင် … အမယ်လေး တွေးကြည့်ရုံနဲ့တင် မျက်လုံးထဲမှာ ကြယ်တွေလတွေမြင်ကာ သွေးဆောင့်တက်ချင်နေပြီ။
CZYTASZ
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️