That Little Frisky Boss Ep 5
“အတွင်းရေးမှူးဝမ် အလုပ်ဆင်းနေပြီလား”
အနားကိုရောက်လာသူက Business Development Director ဆိုတဲ့လူ။
အင်တာဗျူးတုန်းက တစ်ခါတွေ့ဖူးသည်။
အရပ်ရှည်ရှည်နဲ့ ဖြူဖြူနွဲ့နွဲ့လေး။
ဟိုယုန်ဆိုးကြီးနဲ့တောင် နည်းနည်းဆင်သေး။
ယုန်ဆိုးကြီးကတော့ အနည်းငယ် မဆိုစလောက်လေး ပိုချောတာပေါ့လေ။
“ဟုတ်ကဲ့ ဒါရိုက်တာ”
“အာ ကိုယ့်ကို ကျိရန်ကောလို့ပဲခေါ်လို့ရပါတယ်”
“မဟုတ်တာဗျာ ဒါရိုက်တာကလဲ”
“ဟုတ်ပါတယ်ကွ ရုံးကလူတွေအကုန် ကိုယ့်ကိုအဲလိုပဲခေါ်တာ”
နှစ်လိုဖွယ်အပြုံးနဲ့ဆိုလာသူက ခုနတုန်းက သူ့ကို ဥက္ကဌလို့မခေါ်လို့ လူကိုနမ်းမယ်လို့ရန်စတဲ့သူနဲ့တခြားစီ။
“အထဲမှာ ရှောင်းကျန့်ရှိလား”
“ဟုတ်ရှိပါတယ် ခုနကပဲ ဌာနကလူတွေနဲ့အစည်းအဝေးလုပ်ပြီး အထဲဝင်သွားတာပါ”
“အဲဒါဆို ကိုယ်သွားလိုက်အုံးမယ် ဒီကောင်ပြန်ရောက်ကတည်းကမတွေ့ရသေးလို့”
ဒီကောင်ဆိုတဲ့အခေါ်အဝေါ်ကြောင့် ကျွန်တော်က စိတ်ဝင်စားသွားတာမို့ ပြူးကြည့်မိတော့ သူက ရယ်သည်။
“ကိုယ်နဲ့ရှောင်းကျန့်က အမေရိကားမှာကျောင်းတူတူတက်လာကြတာ … သူကမာစတာဆက်တက်ပြီး ကိုယ်ကမတက်ဖြစ်လို့ ဒီမှာ စောစောအလုပ်ဝင်နေတာ”
“အော်”
“ကိုယ်ဝင်သွားတော့မယ်နော်”
“ဟုတ်ကဲ့ခင်ဗျ”
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️