That Little Frisky Boss Ep 22"ဝုန်း"
အခန်းထဲ ရောက်တာနဲ့ တံခါးကိုအားနဲ့ ဆောင့်ပိတ်လိုက်တာမို့ ရှောင်းကျန့်ရဲ့ခန္တာကိုယ်က အနည်းငယ် တုန်ယင်သွားတာသတိထားလိုက်မိပေမယ့် ရိပေါ် ဂရုမစိုက်နိုင်တော့ပေ။
ကျိရန်ကတော့ အခန်းထဲတောင် လိုက်မဝင်လိုက်ရပဲ တံခါးပိတ်သွားတာကို ခံလိုက်ရတာမို့ အူလည်လည်လေးနဲ့ အခန်းဝကနေ လှည့်ပြန်သွားလေတယ်။
"ကျန့်ကော ခင်များ ဘာဖြစ်နေတာလဲ"
"အဲ့တာ ငါကမေးရမှာပါ မင်းကဘာဖြစ်နေတာလဲ ဝမ်ရိပေါ်"
"ဘာဝမ်ရိပေါ်လဲ ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့"
"နေပါဦး မင်းနာမည် ဝမ်ရိပေါ်မဟုတ်ဘူးလား ငါကဝမ်ရိပေါ်လို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ"
"ကျန့်ကောနော်"
"မင်းကိုငါ နားမလည်နိုင်တော့ဘူး ရိပေါ်"
". ....."
"ငါမင်းကို ဌာနပြောင်းပေးတာကိုလည်း မင်းလက်မခံဘူး ဟောက်ရွှမ်းနဲ့ သွားရမယ့်ခရီးကိုလည်း မင်းစိတ်နဲ့ မင်းလိုက်လာတယ် ပြီးတော့ ငါ့ကိုမခေါ်စဖူး ကျန့်ကောလို့လည်းခေါ်တယ် မင်းကဘာဖြစ်ချင်နေတာလဲ မင်းကငါ့အနားမှာ မနေချင်တာမဟုတ်ဘူးလား"
"ဘယ် … ဘယ်သူကမနေချင်ဘူးလို့ပြောလို့လဲ ခင်များဘာသာ ခင်များ ထင်ချင်တာတွေထင်မနေနဲ့"
"ငါကထင်တာလား မင်းဘက်ကလုပ်ခဲ့တာလား။ မင်းငါ့ကို အမြဲပဲ ငြိုငြင်ခဲ့တာလေ မင်းအတွက်ငါ ဝန်ထုပ်ဝန်ပိုးလို့ မင်းပါးစပ်က ကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလား"
"အဲဒါတွေက အခုမှပြောတာမှမဟုတ်တာ အရင်တုန်းကတည်းက ပြောတာပဲဟာ ပြောတိုင်းလဲခင်များက ပြုံးပြုံးလေးပဲ တုံ့ ပြန်ခဲ့တာပဲ အခုမှ ဘာတွေထဖြစ်တာလဲ"
"ငါကလူလေ လူ သိလား ဘာမှခံစားမှုမရှိတဲ့ ကျောက်တုံးမဟုတ်ဘူး မင်းပြောချင်တိုင်း ပြောပြီးတော့မှ
အခုကျမှ ဘွာခတ်လို့ရမလား။ ငါလဲ ခံစားချက်ရှိတဲ့လူပဲ။ ငါလည်း ဝမ်းနည်းတတ်တယ် ငါလည်း စိတ်မကောင်းဖြစ်တတ်တယ်"
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️