That Little Frisky Boss Ep 25ရိပေါ်တို့သုံးယောက်ဆေးရုံကိုရောက်သွားတော့ site ထဲမှာဒဏ်ရာရတဲ့ဝန်ထမ်းက လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်ပြီးလို့ လူနာခန်းထဲတောင်ပြန်ရောက်နေပြီ။
ဆေးရုံကုတင်ပေါ်မှာလှဲနေတဲ့ဝန်ထမ်းက ရှောင်းကျန့်နဲ့ရိပေါ်တို့ဝင်လာတာကိုမြင်တော့ ပြာပြာသလဲနဲ့ ထထိုင်ဖို့ကြိုးစားတယ်။
ရှောင်းကျန့်ကခပ်မြန်မြန်ပဲ လူနာအနားကိုရောက်သွားပြီး ဆက်လှဲနေဖို့ပြောလိုက်တယ်။
"ဟာ လှဲနေပါ မထလာပါနဲ့ ရပါတယ်"
"ရှောင်းဉက္ကဌ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ အားနာစရာတွေဖြစ်ကုန်ပါပြီဗျာ"
ဒဏ်ရာရနေတဲ့ဝန်ထမ်းက ရှောင်းကျန့်ကို အားနာမှုဖြင့် ဆိုပေမယ့် ရှောင်းကျန့်ကတော့ လူနာကုတင်ဘေးက ဧည့်သည်ထိုင်တဲ့ခုံမှာပေါ့ပေါ့ပါးပါးဝင်ထိုင်ရင်း ပြန်ဖြေတယ်။
"ကျွန်တော်တို့ ခင်ဗျား siteထဲမှာ ဒဏ်ရာရတယ်ဆိုတာသိလို့လိုက်လာတာ။ ဒါနဲ့ ဒီကနာမည်က ဦးလေးမင်နော်"
"ဟုတ်ပါတယ် ကျွန်တော်ဖြစ်တာက စိတ်ပူစရာမရှိပါဘူး။ ရှောင်းဥက္ကဌကိုယ်တိုင်လိုက်မလာပဲဖြစ်ပါတယ်ဗျာ"
"ဘယ်ဟုတ်ပါ့မလဲ ကျွန်တော့်siteထဲမှာ ဖြစ်တာဆိုတော့ ကျွန်တော့မှာတာဝန်ရှိပါတယ်။ သတင်းကြားကြားချင်း မန်နေဂျာလျှိုက လိုက်သွားမယ်ဆိုတော့ ကျွန်တော်ပါတစ်ခါတည်းလိုက်လာလိုက်တာ။အခုရောဘယ်လိုလဲ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်ဗျာ ကျွန်တော်က လက်နဲ့ခြေထောက်ပဲထိသွားတာပါ။ ခေါင်းမထိသွားတာကံကောင်းတယ်လို့ပြောရမယ်။ အဲ့တာလည်း ကျွန်တော်siteထဲမှာ Helmetဆောင်းထားမိလို့ပေါ့"
"မသေကောင်းမပျောက်ကောင်းဗျာ။ ကျွန်တော်ကြားရတာစိတ်မကောင်းပါဘူး။ ဆေးရုံမှာရှိနေတဲ့တောက်လျှောက် လိုအပ်တဲ့ဆေးကုသုမှုစရိတ်တွေအကုန်လုံးကို ကျွန်တော်တို့ဘက်ကရှင်းပေးမှာပါ။ ဒီစကားပြောလို့ ငွေစကားပြောတယ်လို့မထင်ပါနဲ့နော်။ site ထဲမှာဖြစ်သွားတာမလို့ ကျွန်တော်တို့ဘက်က အပြည့်အဝတာဝန်ယူပေးတဲ့ သဘောပါ။"
ESTÁS LEYENDO
That Little Frisky Boss (Completed)
FanficI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️