That Little Frisky Boss Ep 14ဒီနေ့ရိပေါ်အတွက် နောက်ထပ်ကျားမြှီးဆွဲရမယ့်နေ့ပဲ။ အမေရိကန်သံရုံးကသံအမတ်အသစ်ပြောင်းလာတဲ့အတွက် ဒီနေ့ည သူတို့သံအမတ်ကြီးအိမ်မှာ ညစာစားပွဲတစ်ခုရှိကာ Xiao Company ကလဲ ဖိတ်ကြားခံရတဲ့အထဲမှာပါတယ်။
အထူးသဖြင့် ရှောင်းကျန့်က ဟိုမှာလဲကျောင်းတက်ခဲ့ပြီး နာမည်ကြီးကျောင်းတစ်ခုရဲ့ ထူးချွန်ကျောင်းသားဆိုတော့ ပေကျင်းမှာရှိနေတဲ့ အမေရိကန်သံအမတ်ကြီးကလဲ ရှောင်းကျန့်နဲ့ တွေ့ဖို့ အတော်လေးစိတ်အားထက်သန်နေပုံရတယ်။
Xiao Group ရဲ့ဥက္ကဌအနေနဲ့မဟုတ်ပဲ ရှောင်းကျန့်နာမည်ကို အသေအချာတပ်ပြီးဖိတ်တဲ့ပွဲမို့ ရှောင်းကျန့်သွားရမှာဖြစ်သလို ရိပေါ်လဲအတူလိုက်သွားရမယ်။
အင်း သံအမတ်ကြီးက ရှောင်းကျန့်အကြောင်းမသိသေးလို့ပါ၊ သိများသိရင်တော့ သူ ရှောင်းကျန့်ကိုဖိတ်ခဲ့မိတာ အမှားကြီးမှားပြီလို့ နောင်တအကြီးကြီးရနေလောက်တယ်။
ရှောင်းကျန့်က စာတော်ပေမယ့် သိတဲ့အတိုင်းပဲ လွဲတာမွှေတာကတော့ တားမရ၊ဆီးမရမို့ ဒီပွဲမှာ ဘာတွေများမွှေအုံးမလဲလို့ ခပ်လန့်လန့်နဲ့ပဲ။
“ဟလို ကျန့်ကောလား အဝတ်အစားလဲပြီးပြီလား ကျုပ်ခဏနေ လာခေါ်တော့မယ်နော်”
Dinner အတူသွားရမှာဖြစ်တာကြောင့် ရှောင်းကျန့်က သူ့အိမ်ကိုအရင်လာခေါ်ပါဆိုလို့ သူ့ဆီ တစ်ခေါက်သွားရအုံးမှာဖြစ်ပြီး ရိပေါ်ကားကိုတော့ သူ့အိမ်မှာထားခဲ့ရမှာ။
ရှောင်းကျန့်ရဲ့ဒရိုင်ဘာက နေမကောင်းလို့ခွင့်ယူထားတာမို့ ရိပေါ်ကပဲ ကားမောင်းပို့ကာ အပြန်ကျရင်လဲ ရိပေါ် မောင်းပြန်လာရမှာပဲ။
ရှောင်းကျန့်အကြောင်းသိနေပြီးသားမို့ အိမ်ကထွက်ခင် အရင်ဖုန်းဆက်ရပြန်တယ်။
“အဟဲ ပြီးပြီ ပြီးပြီ .. ကော အသေမိုက်နေတာနော် ကြည့်အုံးမလား ဓာတ်ပုံပို့လိုက်မယ်”
“နေပါစေ မကြည့်တော့ဘူး”
“ကြည့်ပါဆို…video call ခေါ်လိုက်မယ် ခဏ”
ESTÁS LEYENDO
That Little Frisky Boss (Completed)
FanficI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️