TLFB - Ep 32 🔥

9K 698 37
                                    


That Little Frisky Boss Ep 32

အရက်ကလေးနည်းနည်းဝင်သွားတော့ မူးမူးနဲ့ တောင်စဉ်ရေမရ လျှောက်စကားပြောနေတဲ့ ကျန့်ကောကို ရိပေါ်ကောကတော့ ဘာလုပ်လုပ်ခွင့်လွှတ်မယ်ဆိုတဲ့ အပြုံးကြီးနဲ့ ငေးကြည့်နေတာမိတယ်။

အတူအရက်ထိုင်သောက်နေတဲ့သူတွေအသီးသီးပြန်သွားတာတောင် ကျန့်ကောက အိမ်ပြန်ဖို့ခေါ်မရသေးဘူး။

သူကလဲ ကျန့်ကောဘာလုပ်လုပ် အပြုံးလေးနဲ့ ခွင့်လွှတ်ကာ အလိုလိုက်မယ်လို့ ဆုံးဖြတ်ပြီးသားမို့ မပြန်ချင်ဘူးဆိုတော့လည်း ဘေးမှာထိုင်ပြီး အရက်လိုက်သောက်ပေးနေရုံသာ။

“အိပေါ်လေး…”

“ဗျာ .. ဗျ”

“အဟီး ကောကိုချစ်လား”

“ချစ်တာပေါ့ အရမ်းချစ်တယ် ကျွန်တော်နဲ့ ယုန်ဆိုးကြီး”

“ဟာ အိပေါ်လေးကလဲ ကောကမဆိုးပါဘူး”

အမူးပါးက သူ့ကိုဆိုးတယ်ပြောတာတော့ သိရှာသား။ မျက်စောင်းခဲလို့ ရိပေါ်ကို ရန်တွေ့တယ်။

“ဆိုးတာပေါ့ ဆိုးလို့အရက်တွေသောက်နေတာလေ..”

“အဟီး အဲဒါက ဘေးမှာ အိပေါ်လေးရှိလို့ပါ အိပေါ်လေးက ကောမူးရင် ထိန်းမှာပဲမဟုတ်လား”

“ဟုတ်ပါပြီ ထိန်းမှာပါ ဒါပေမယ့် လျှော့သောက် မနက်ကျရင် ခေါင်းကိုက်နေလိမ့်မယ်”

“အွန်းပါ ဒါပေမယ့် မနက်ဖြန်က ရုံးပိတ်တယ်လေကွာ”

ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ ရှောင်းကျန့်က နောက်ထပ် နာရီဝက်လောက်တော့ သောက်နေလိုက်သေးသည်။ ဒါပေမယ့် နာရီဝက်လောက်ကြာအပြီးမှာတော့ ခေါင်းမထောင်နိုင်တော့ဟန်နဲ့ ရိပေါ်ပုခုံးကိုပေါ် မှီကျလာတယ်။

“အိပေါ်လေး ကောမူးနေပြီ”

“အွန်း အဲဒါဆို အိမ်ပြန်အိပ်တော့..”

“ဟာ အိပေါ်လေးကလဲ ..”

“ဘာကို အိပေါ်လေးကလဲလုပ်နေတာတုန်း ပြန်အိပ်တော့ ခင်ဗျားလေးက ဘာလုပ်ချင်သေးလို့လဲ”

“ပြန်တော့ပြန်မယ် ဒါပေမယ့် မူးနေပြီမို့ အိပေါ်လေး ကောနဲ့အတူ အိမ်ကိုလိုက်ခဲ့”

That Little Frisky Boss (Completed)Onde histórias criam vida. Descubra agora