That Little Frisky Boss Ep 23ဟိုတယ်တဝင်းစာ ဆောက်လုပ်ရေးကို လိုက်ကြည့်ရတာ တစ်ညနေတည်းနဲ့ပြီးသွားသည်။ နောက်တစ်နေ့မှာတော့ ဟိုတယ်ဆောက်လုပ်ရေးအတွက်တာဝန်ယူထားတဲ့ project team နဲ့ engineer team ကို ရှောင်းကျန့်က စကားစမည်ပြောပြီး ရှေ့ဆက်လုပ်ရမယ့် timeline တွေအကြောင်း ဆွေးနွေးကြသည်။ အဲဒီနောက်တော့ တခြားဟိုတယ်တွေရဲ့အခြေအနေတွေကို နည်းနည်းပါးပါးလိုက်ပြီး အကဲခတ်ကြသည်။
တဆက်တည်းမှာပဲ ဟိုတယ်ကိုလာတဲ့ဧည့်သည်တွေ အနီးအနားက ကျွန်းတွေကို day trip သွားနိုင်အောင် စီစဉ်ပေးဖို့ စက်လှေဌား၊ နေ့လည်စာပါ တတွဲတည်းစီစဉ်ပေးမယ့် package လေးတွေထည့်ဖို့ ကျိရန်ကောက လိုက်ကြည့် လိုက်စုံစမ်းတဲ့နောက်ကို ရိပေါ်တို့နှစ်ယောက် လိုက်သွားကြသည်။
တခြားဟိုတယ်တွေနဲ့ယှဉ်ရင် သူတို့က အသစ်ဖြစ်တာကြောင့် ဧည့်သည်တွေပိုရနိုင်ဖို့ ဘယ်လိုစိတ်ဝင်စားစရာကောင်းမယ့် plan တွေ package တွေထားမလဲဆိုတာကို ကျိရန်ကောက ဆွေးနွေးတာကို ထိုင်ပြီး အကြုံပြုခဲ့ကြသည်။
ကမ်းခြေမှာ ၂ ညအိပ်ပြီး နောက်တစ်နေ့ နေ့လည် flight နဲ့ ရိပေါ်တို့ ပြန်လာခဲ့ကြသည်။
ဒီကြားထဲမှာ ရှောင်းကျန့်နဲ့ ရိပေါ် အခြေအနေကောင်းသလားလို့မေးရင် မဆိုးပါဘူးလို့ပဲ ရိပေါ် ပြောရမှာပဲ။
ရှောင်းကျန့်က ရိပေါ်ကို မခေါ်မပြောနိုင်ပုံစံမျိုးမဖြစ်တော့ပေမယ့် ခေါ်ခေါ်ပြောပြောရှိနေတာမျိုးလဲ မဟုတ်ပြန်ဘူး။
တစ်ခုခု၊ ဘာမှန်းမသိတဲ့တစ်ခုခုက ရိပေါ်တို့နှစ်ယောက်ကြားမှာ စည်းခြားလိုက်သလို ခံစားရသည်။
မားရှေ့မှာပြောလိုက်မိတဲ့ အဲဒီဝန်ထုပ်ဝန်ပိုးဆိုတဲ့စကားက ဒီစည်းကို ဖန်တီးလိုက်မိတာဆိုရင် အဲဒီနေ့ကို ပြန်သွားပြီး အဲဒီစကားကို မပြောပဲနေခဲ့မိမှာအမှန်ပါပဲ။
"ရှောင်းကျန့် မင်းအိမ်ပဲပြန်မှာမဟုတ်လား ငါအိမ်ပြန်ရင်းနဲ့ မင်းကိုပြန်ဝင်ပို့ပေးမယ်လေ"
လေယာဉ်ပေါ်မှ ထွက်လာမယ့် luggage bag ကိုစောင့်နေတုန်း ကျိရန်ကောက ရှောင်းကျန့်ကိုပြောသံကြားလိုက်ရတာမို့ ရိပေါ် မျက်လုံးတစ်ဖက် ပင့်တက်သွားမိသည်။
BINABASA MO ANG
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️