TLFB - Ep 9

7.9K 1.2K 119
                                    


That Little Frisky Boss Ep 9

တစ်ပတ်လုံးလုံး ရှောင်းကျန့်ပေးတဲ့ဒုက္ခတွေခါးစည်းခံခဲ့ပြီးနောက်တော့ ချစ်စရာကောင်းတဲ့စနေနေ့လေးဆီ ရောက်လို့လာခဲ့တယ်။

မနက်ရုံးသွားပြီး ဒင်းမွှေသမျှကို မခံရဘူးဆိုတဲ့ အတွေးနဲ့ ညကကောင်းကောင်းအိပ်ပျော်သလို မနက်ကျတော့လဲ ကြည်ကြည်လင်လင်လေး နိုးထလာရသည်။

ရှောင်းကျန့်ကို မုန်းလို့လားဆိုတော့လဲမဟုတ်။

ဒါပေမယ့် ရိပေါ်က နားအေးပါးအေးနေရတာကိုသာ နှစ်သက်သူမို့ အချိန်တိုင်းဘေးကနေ ပေါက်ပေါက်ဖောက်ပြီး စကားများနေတဲ့ ရှောင်းကျန့် အမူအကျင့်ကိုတော့ မနှစ်သက်တာအမှန်။

ဒီနေ့တော့ ရှောင်းကျန့်ကင်းစင် ပြုံးပျော်ရွှင် ကိုနီဒင်းဖြစ်ပြီ။

မနက်ခင်းချင်းတူတာတောင် ဒီမနက်ခင်းမှာ မြည်တွန်နေတဲ့ ငှက်ကလေးတွေရဲ့အသံက ပိုပြီးနားထောင်လို့ကောင်းနေသလိုပဲ။

နှစ်ရက်တိတိ ရှောင်းကျန့်ရဲ့ဝဋ်ဒုက္ခကို မခံရတဲ့ နားအေးပါးအေး မျက်စိအေး နေရပြီကွ။

သီချင်းလေးတညည်းညည်းနဲ့ သူမျက်နှာသစ်သွားတိုက်ပြီးနောက် အောက်ထပ်ကိုဆင်းလာခဲ့တယ်။

မနက် ၈ နာရီဆိုတော့ အမေ့ဆိုင်မှာတောင် လူတွေပါးနေလောက်ပြီထင်တယ်။

အမေ့မနက်ခင်းခေါက်ဆွဲက လူကြိုက်သိပ်များလှတာမို့ မနက် ၆ နာရီ ၇ နာရီဆို ဆိုင်မှာလူစည်နေကာ ထိုင်ဖို့ခုံတောင် နေရာမရတတ်ပေ။

အခုချိန်ဆိုရင်တော့ ထိုင်စရာနေရာရှိလောက်ပါရဲ့။

"အဟီးဟီး သားက မားကို တအားလွမ်းနေတာဗျ မားက ပိုချောလာတယ်နော်"

ဆိုင်တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ နားထဲမှာ ကြားလိုက်ရတဲ့အသံကြောင့် ရိပေါ်ဆံပင်မွှေးတွေ ထောင်သွားရပြီ။

ဒါက ဘုရားစူး ရှောင်းကျန့်အသံကြီး။

ဒီတစ်ပတ်လုံးလုံး နားငြီးလောက်အောင် ကြားခဲ့ရတဲ့အသံမို့ ခွေးချီသွားမယ်ဆိုရင်တောင် ရိပေါ် ကောင်းကောင်းကြီးမှတ်မိနေတယ်။

That Little Frisky Boss (Completed)Where stories live. Discover now