TLFB - Ep 3

12.8K 1.6K 127
                                    


T

hat Little Frisky Boss Ep 3
A.N – office နဲ့ပက်သက်တဲ့ based ကို What’s wrong with Secretary Kim ကို inspire ယူထားပါတယ်။ ဥက္ကဌရုံးရှိတယ်ဆိုတဲ့ဟာရယ်၊ ရုံးခန်းဖွဲ့စည်းပုံရယ်ကို inspire ယူထားပေမယ့် ဇာတ်ကောင်ဖန်တီးမှုနဲ့ ဇာတ်လမ်းဖန်တီးမှုကတော့ Author ရဲ့ creation သတ်သတ်ဖြစ်ပါတယ်ရှင်။
xxxxxxxxxx

N – office နဲ့ပက်သက်တဲ့ based ကို What’s wrong with Secretary Kim ကို inspire ယူထားပါတယ်။ ဥက္ကဌရုံးရှိတယ်ဆိုတဲ့ဟာရယ်၊ ရုံးခန်းဖွဲ့စည်းပုံရယ်ကို inspire ယူထားပေမယ့် ဇာတ်ကောင်ဖန်တီးမှုနဲ့ ဇာတ်လမ်းဖန်တီးမှုကတော့ Author ရဲ့ creation သတ်သတ်ဖြစ်ပါတယ်ရှင်။x...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


“သား ရိပေါ် အလုပ်သွားတော့မလို့လား”

“ဟုတ်တယ် မား .. အလုပ်ပထမဆုံးရက်ဆိုတော့ ခပ်စောစောပဲသွားလိုက်တော့မလားလို့”

ရုံးသွားဖို့ပြင်ဆင်ပြီးဆင်းလာတဲ့ရိပေါ် အမေက မေးတာမို့ မနက်စာစားဖို့ အမေ့ခေါက်ဆွဲဆိုင်ကစားပွဲမှာ ဝင်ထိုင်ရင်း ဖြေလိုက်တယ်။

အရင်တုန်းက အဖေရှိစဉ်ကတော့ ၃ ယောက်လက်ဆုံစားနေကြမနက်စာဝိုင်းလေး အခုတော့ သားအမိနှစ်ယောက်တည်းပေါ့လေ။

အဖေမဆုံးခင်အထိကတော့ မနက်စာနဲ့ ညစာထမင်းဝိုင်းလေးက အတော်လေး စိတ်ချမ်းမြေ့စရာကောင်းခဲ့တာ။

အဖေမရှိတော့ ရိပေါ်တို့ဘဝမှာ ပြောင်းလဲသွားတာတွေအတော်များသည်။

အဖေက တရားသူကြီးဆိုတော့ ပိုက်ဆံလဲတော်တော်ရှာနိုင်ခဲ့ကာ ရိပေါ်တို့မိသားစုက အတော်လေးပြည့်ပြည့်စုံစုံနေနိုင်တဲ့အထဲပါခဲ့တယ်။

ဒါပေမယ့် ပါပါးရုတ်တရက်ဆုံးသွားတော့ ရိပေါ်ကကျောင်းတက်တုန်းပဲရှိသေးတယ်။

အဖေက အမေ့ကိုတုန်နေအောင်ချစ်ကာ သူအလုပ်လုပ်နိုင်နေတုန်းက အမေ့ကို ဘာမှမလုပ်ခိုင်းခဲ့တာမို့ အဖေဆုံးသွားတော့ ရိပေါ်တို့သားအမိနှစ်ယောက်လဲ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်ခဲ့သည်။

That Little Frisky Boss (Completed)Where stories live. Discover now