That Little Frisky Boss Ep 15မထူးဆန်းသောလုပ်ငန်းခွင်နေ့ရက်များထဲက တစ်ရက်ဖြစ်တဲ့ ဒီနေ့မှာလဲ ရှောင်းကျန့်က ရုံးခန်းထဲမှာ တစ်ယောက်ထဲထိုင်ပျင်း .. အဲလေ တစ်ယောက်တည်းအလုပ်လုပ်နေရလေတယ်။
အကြောင်းမရှိအကြောင်းရှာပြီး ရိပေါ်ကို အခန်းထဲမှာခေါ်ထားချင်ပေမယ့်လည်း အလိုက်မသိတဲ့ ကြော်ငြာတာဝန်ခံယွီပင်းက ကြော်ငြာကိစ္စ တိုင်ပင်မလို့ဆိုပြီး ရိပေါ်ကိုခေါ်ထားတာမို့ ရှောင်းကျန့်လဲ မတတ်သာ။
ရှောင်းကျန့်ချစ်ရတဲ့ကောင်လေးလို့မပြောရဘူး၊ ရိပေါ်က ဘက်စုံတော်တဲ့အမျိုးသားလေးပဲ။
ရိပေါ်ကတည်ကြည်တယ်၊ ရိပေါ်က ခန့်ညားတယ်၊ ရိပေါ်က အလုပ်လုပ်ရင် အာရုံစိုက်မှုအရမ်းကောင်းတယ်၊ အတွေးအခေါ်တွေကလဲ အမြဲတမ်း သူများထက်ထူးပြီး အမြင်ရှိတယ်။
အဲဒါကြောင့် ရှောင်းကျန့်အတွက် အရမ်းအားကိုးရရုံတင်မကပဲ ဥက္ကဌရုံးတစ်ဖွဲ့လုံးက ရိပေါ်ကိုအားကိုးတယ်။ ယွီပင်းတို့ ဒီဇိုင်းတွေဆိုလဲ ရိပေါ်က အကြံပေးလိုက်ရင် ပိုပြီးအဆင်ပြေတာလေးတွေထွက်လာတယ်။
တစ်ခါတစ်လေ စာရင်းစစ် ကျဲမျန်မျန်တောင် သတိမထားလိုက်မိတဲ့အမှားသေးသေးလေးတွေကိုလဲ ရိပေါ်က ထောက်ပြနိုင်တယ်။
အဲဒီလို အဲဒီလိုတွေကြောင့် ရိပေါ်ကအတွင်းရေးမှူးတစ်ယောက်ဆိုတာထက်ကို ရှောင်းကျန့်တို့အတွက် အရေးပါတဲ့သူဖြစ်နေတာပဲ။
အဲဒါကြောင့်လဲ ရှောင်းကျန့်က ရိပေါ်ကို အတွင်းရေးမှူးနေရာမှာမထားပဲ ဥက္ကဌယောကျာ်းဆိုတဲ့နေရာမှာ အမြန်ဆုံးထားချင်နေတာပေါ့။
ဒါပေမယ့် ရိပေါ်ကတော့ ရှောင်းကျန့်ရဲ့စိတ်သဘောထားကိုနားမလည်၊ ရှောင်းကျန့်ရဲ့ ဘဲအီနည်းအဖြာဖြာကို မရရဆေအာင် ကွေ့ဝိုက်ရှောင်နေပြီး ရှောင်းကျန့်ဈေးဗန်းလှလှလေးကို မှောက်မှောက်ပစ်နေတာနဲ့ ရှောင်းကျန့်လဲ ဘယ်နေ့ ဈေးဗန်းကျိုးမယ်မသိ။
တလောက ကျိရန်ကိုရင်ဖွင့်တော့ စနောက်မနေပဲနဲ့ ချစ်တာကို အတည်တကျဖွင့်ပြောလိုက်လေတဲ့။
KAMU SEDANG MEMBACA
That Little Frisky Boss (Completed)
Fiksi PenggemarI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️