That Little Frisky Boss Ep 21လေယာဉ်ပေါ်မှာရော လေယာဉ်ဆိုက်တဲ့အချိန်ထိရော တေမိမင်းသားလုပ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်မှာ အသည်းတယားယားဖြင့်သာကြည့်နေရသည်။ အရင်တုန်းက ရှောင်းကျန့်ကို အခုချိန်ကျမှ ပြန်လိုချင်ပါတယ်လို့ပြောရင် ရိပေါ်ကို အပြစ်ပြောကြမယ်ဆိုတာလဲ သိတယ်။
ဒါပေမယ့် လိုချင်တယ်။ သူ့ကိုစကားတွေရေပက်မဝင်အောင် ပြောနေတဲ့အသံစွာစွာလေးကို ကြားချင်တယ်။
မိန်းမမဆန်တဲ့ ဟက်ဟက်ပက်ပက်ရယ်သံတွေနဲ့ ယုန်သွားလေးတွေပေါ်သည်အထိ အားရပါးရရယ်မောနေတာမျိုးလဲ မြင်ချင်တယ်။
ရှောင်းကျန့်ဘယ်တော့များမှ အေးဆေးတည်ငြိမ်ပါမလဲလို့ မျှော်လင့်မိတာအကြိမ်ကြိမ်ပေမယ် တကယ်အေးဆေးတည်ငြိမ်သွားတဲ့အခါ ရိပေါ် အရမ်းနေရခက်နေခဲ့တယ်။
ဒါပေမယ့်လည်း ကိုယ့်ဘက်က ပလီပလာတွေသွားပြောဖို့ရာက ခက်နေလေတော့ လုပ်စရာရှိတာတွေသာ လုပ်နေရတော့သည်။
ရုတ်တရက်ကြီး စေ့စပ်သေချာလှတဲ့ ရိပေါ်ဆိုတာ ပျောက်သွားပြီး ရှောင်းကျန့်မျက်နှာကို အရိပ်တကြည့်ကြည့်လိုက်ကြည့်နေမိတဲ့သူဖြစ်သွားတာကို မူမှန်အောင် ပြန်ပြင်ရပေအုံးမည်။
အခု ရိပေါ်တို့ ရောက်နေတဲ့မြို့က ပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့မြို့ငယ်လေးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကမ်းခြေကိုလာတဲ့ဧည့်သည်အရမ်းများလာတာမို့ လေယာဉ်ကွင်းဖောက်လိုက်တာဖြစ်သည်။ အရင်တုန်းကဆို ဒီကမ်းခြေလေးကို လာချင်ရင် ကားနဲ့ ဒါမှမဟုတ် ရထားနဲ့ လာမှရလေသည်။
နွံထဲနစ်နေတဲ့ ပတ္တမြားအလား၊ ကမ်းခြေက အတော်လေးလှကာ ဒီကို လာဖို့အတွက် နည်းနည်းဝေးတာမို့ လူလဲသန့်ကာ ပင်လယ်ရေတွေကလဲ တခြားကမ်းခြေတွေထက် အပြာဘက်ပိုသန်းကာ လှပလွန်းတာငြင်းမရ။ tourist attraction အတွက်နေရာကောင်းပဲဆိုတာ သတိထားမိလာတဲ့အချိန်မှာမှ လေယာဉ်ကွင်းဆောက်ကာ လေယာဉ်ပါ ပြေးဆွဲတော့ ဒီကိုလာတဲ့သူတွေက ပိုများလာလေသည်။
ဒါကို သိတဲ့ရှောင်းကျန့်အဖေက ဒီနေရာမှာ ဟိုတယ်ဆောက်ဖို့ဆုံးဖြတ်လိုက်ကာ မြေနေရာဝယ်ယူထားပြီးဖြစ်သည်။ အဲဒါတင်မဟုတ်ပဲ ဆောက်ုလပ်ရေးလုပ်ငန်းကလဲ တစ်ဝက်လောက်ပြီးစီးပြီးသားဖြစ်သည်။ ဒီကြားထဲမှာ မိုးတွင်းအချိန်အခါမို့ construction တွေရပ်နားထားပေမယ့် အခု ပွင့်လင်းရာသီ ပြန်ရောက်လာပြီဆိုတော့ လုပ်ငန်းတွေ ပြန်စကြတော့မည်။
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️