That Little Frisky Boss Part 16ဒီနေ့ မိန်းကလေးတစ်ယောက်နဲ့ date သဘောမျိုး ညစာသွားစားမယ့်နေ့ဆိုပေမယ့် ရိပေါ်က ထူးခြားပြီး စိတ်လှုပ်ရှားနေတာမျိုးမရှိပါ။ အဲဒီလိုစိတ်မလှုပ်ရှားဘူးဆိုလို့ တစ်ဖက်မိန်းကလေးကို မိမိက လုံးလုံးသဘောမကျတာမျိုးလားဆိုတော့လဲမဟုတ်။ ဒါရိုက်တာမေဆိုသော အမျိုးသမီးက သဘောကျချင်စရာအချက်တွေအများကြီးရှိတဲ့မိန်းကလေးတစ်ဦးပဲ။
အထူးသဖြင့် သူမက တည်ငြိမ်ကာ အလုပ်ကြိုးစားတတ်တဲ့ type မျိုးမို့ ရိပေါ်က ပိုသဘောကျပါသည်။ စကားများတတ်တဲ့မိန်းကလေးတွေဆို ရိပေါ်က လုံးဝသဘောမကျပါ။
တက္ကသိုလ်တက်တဲ့အခ်ျိန်တုန်းက အရမ်းကြီးပြေလည်လှတယ်မဟုတ်တဲ့ မိသားစုစီးပွားရေးကို ပူပန်နေရတာမို့ ရိပေါ်အချစ်ဆိုတာကို မရှာနိုင်ခဲ့ဘူး။ ရှာဖို့ကို စိတ်မဝင်စားဘူးဆိုရင် ပိုမှန်ပါမည်။ ရိပေါ်က တစ်ယောက်တည်း ငြိမ်းငြိမ်းချမ်းချမ်းနေရတာကို နှစ်သက်သူမို့ ဘေးမှာ မိန်းကလေးတစ်ယောက်က နားပူနားဆာလုပ်ပြီး ဂျီကျနေမယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင်သဘောမကျချေ။
ဒါပေမယ့် အမြဲတမ်းတစ်ကိုယ်လည်းနေသွားလို့မရတော့တာ ရိပေါ်က နားလည်ပြန်သေးသည်။ အချိန်တန်ရင်တော့ သင့်တော်တဲ့မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုရမှာပဲလေ။ အဲဒီမိန်းကလေးဟာ ဒါရိုက်တာမေလို မိန်းကလေးမျိုးဖြစ်ရင်တော့ မဆိုးလှဘူးဟု ရိပေါ် နှလုံးသွင်းကာ အခု သူမနဲ့ ပထမဆုံးအကြိမ် တွေ့ကြည့်ဖို့ဆုံးဖြတ်ထားသည်။
ခါတိုင်းဆိုရင် ရုံးဆင်းတာနဲ့ အိမ်တန်းမပြန်ချင်တဲ့ ရှောင်းကျန့်က ညစာအတူစားရအောင်တို့၊ အချိန်ပိုဆင်းကြမယ်တို့ပြေကာ ရစ်တတ်ပေမယ့် ဒီနေ့မှ ထူးထူးခြားခြား ဘာမှမပြောပဲ အေးအေးချမ်းချမ်း အိမ်ပြန်သွားလေသည်။
မုန်တိုင်းမတိုက်ခင် လေပြေများလာတာလားလို့ ရိပေါ်တွေးပြီး နည်းနည်းတော့စိတ်ပူမိသေးတယ်။ ဒါပေမယ့် ခဏပါပဲ၊ ရိပေါ်က တခြားအရာတွေကို သိပ်တွေးပြီး ပူပန်တတ်သူမဟုတ်တာမို့ အိမ်မြန်မြန်ပြန်လာခဲ့ကာ ရေချိုးအဝတ်အစားလဲလိုက်သည်။
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️