TLFB - Ep 27

6.5K 854 40
                                    


"ဒီနေ့မနက် BOD အစည်းအဝေးရှိတာ နောက်ကျမှာစိုးလို့ ကျွန်တော်ကျန့်ကောကို လာခေါ်မယ်နော်"

ထိုသို့စာတိုလေးပို့ပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ ရှောင်းကျန့်ဆီကပြန်စာပြန်လာတယ်။

"အင်း"တဲ့။

ရိပေါ်လည်း အဲ့ဒီစာမြင်တော့မှ မနက်ခင်းမှာအပြုံးတွေစဖြစ်လာတော့တယ်။

အမေပြင်ပေးတဲ့ ခေါက်ဆွဲကိုမြန်မြန်စားပြီး ​ရှောင်းကျန့်အိမ်ကိုဦးတည်လိုက်တယ်။

အခုဆိုရင်ရိပေါ်နဲ့ရှောင်းကျန့်က အတော်လေးအခြေအနေကောင်းနေတယ်လို့ပြောရမယ်။

နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဖွင့်ဟဝန်ခံတာမျိုးမလုပ်ရသေးတာကလွဲရင် အတော်လေးဆက်ဆံရေးအဆင်ပြေနေတယ်လို့ပြောရမယ်။

ရှောင်းကျန့်ကလည်းရိပေါ်ကို အရင်လို ဥပက္ခာမပြုတော့သလို ရိပေါ်ကလည်းရှောင်းကျန့်ကိုဂရုမစိုက်တာမျိုးတွေမလုပ်တော့ဘူး။

ဘာဖြစ်လို့ဝန်မခံသေးတာလဲလို့ရိပေါ်ကိုမေးရင် ရိပေါ်မှာအဖြေကောင်းကောင်းမရှိဘူး။

သူ့စိတ်ကိုသူအခုချိန်ထိနားမလည်သေးဘူးလို့ပြောရမှာပဲ။

ရှောင်းကျန့်ကို သံယောဇဥ်ဖြစ်နေတာမှန်ပေမယ့် အချိန်တန်အရွယ်ရောက်တဲ့အခါ မိန်းမယူပြီးအိမ်ထောင်ပြုမယ်ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေကို ရိပေါ်မစွန့်လွှတ်နိုင်သေးတာအမှန်ပဲ။

ဒီခေတ်မှာ ယောကျာ်းလေးချင်းအိမ်ထောင်ပြုတာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပေမယ့် ယောကျာ်းလေးနဲ့ မိန်းကလေးလက်တွဲတာလောက်တော့ သာမာန်ဆန်တဲ့ကိစ္စမဟုတ်နေပြန်ဘူး။

ပြီးတော့ ယောကျာ်းလေးနှစ်ယောက်ကြားမှာရော တကယ်ပဲ အဲဒီလိုအချစ်မျိုးက ဖြစ်ပေါ်လာနိုင်ရဲ့လား။

အချစ်ဆိုတာ ရိပေါ်နားလည်တာခက်ပိုပြီး ခက်ခဲရှုပ်ထွေးနေလိမ့်မယ်လို့ ရိပေါ်ထင်ပါတယ်လေ။

တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လို့ ဆုံးဖြတ်ချက်မချနိုင်သေးခင်လေးမှာတော့ အခုလိုပဲ မယုတ်မလွန်လေး ကြင်နာနေပါရစေ ယုန်ဆိုးကြီးရေ။

That Little Frisky Boss (Completed)Where stories live. Discover now