That Little Frisky Boss Ep 2
“မာမားရေ ဟိုဘက်အိမ် တွားကြမယ်ယေဂျာ”
ရေမိုးချိုးပြီး မွှေးပျံနေတဲ့ ရှောင်းကျန့်က မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ သူ့အမေရဲ့ အကျီစကို ဆွဲလို့ တောင်းဆိုနေတယ်။
“ခဏနေပါအုံး ယူသွားမယ့်မုန့်မရသေးလို့ပါဆို”
“တားတားက ဟိုဘက်အိမ်က ကယေးယေးကိုတွေ့ချင်နေပီဂျ”
တစ်ဦးတည်းသေားလေး ရှောင်ရှောင်းကျန့်က အဖော်အင်မတန်မင်သူပင်။ တစ်ယောက်တည်းဆော့ရတာ အားမရတာမို့ သူ့ရဲ့ညီဝမ်းကွဲနှစ်ယောက်အိမ်ကို အိမ်အလည်အမြဲပို့ပေးရသလို အိမ်ခေါ်ပြီးလဲ ဆော့ခိုင်းရသည်။
ဒါပေမယ့် ဒီနှစ် နွေရာသီပိတ်ရက်ကျမှ ကျန့်ကျန့်ရဲ့ ညီဝမ်းကွဲဖြစ်သူ ကျိရန်နဲ့ ကောချန်က သူတို့မိသားစုနဲ့အတူ နိုင်ငံခြားကို အပန်းဖြေခရီးဆိုပြီး တစ်လနီးပါးထွက်သွားတာမို့ ကျန့်ကျန့်တစ်ယောက် အရမ်းပျင်းနေတာ မိမိသိတာပေါ့။
အမေလစ်ရင်လစ်သလို .. ရပ်ကွက်ထဲမှာ ရှိတဲ့ကလေးတွေဆီ သွားသွားဆော့တတ်သေးတာမို့ မျက်စိအောက်က အပျောက်ခံလို့လဲမရ။
သွားဆော့တာ ဘာမှမဖြစ်ပေမယ့် မိမိသားက ကလေးသာဆိုတယ်၊ တကယ့်အစွာလေး။
ကစားကြပြီဆိုရင် အနိုင်မခံ အရှုံးမပေးလိုတဲ့စိတ်ရှိတဲ့သူ။ သူ့ကိုအနိုင်ကျင့်ပြီဆိုရင်လဲ နည်းနည်းမှသည်းမခံပဲ ပြန်စွာတတ်သေးတာမို့ တစ်ခါတစ်လေလဲ ရပ်ကွက်ထဲက ကလေးတွေနဲ့ ရန်ပြိုင်ဖြစ်တတ်သေးတာ။
အဲဒါကြောင့်အမြဲတမ်းတော့ သွားဆော့ဖို့ လွှတ်မပေးဖြစ်။ ကျန့်ကျန့် ထုလိုက်ရိုက်လို့ ဟိုဘက်က ကလေးတွေကို ဆေးဖိုးလျော်ရတာရှိသလို တောင်းပန်ရပေါင်းလဲမနည်းတော့ဘူးလေ။
သူ့အဖေကလဲ ကလေးကိုဘယ်လောက်အလိုလိုက်သလဲဆို .. လုပ်ချင်တာလုပ်ခဲ့ အဖေရှင်းမယ် ခံမလာရရင်ပြီးရောတဲ့။
အဲဒီလိုမြှောက်ပေးထားမှတော့ ဒီကလေးက မစွာပဲနေပါတော့မလား။
အခုတော့ ဘေးအိမ်ကို လူသစ်တွေပြောင်းလာကာ ကလေးတစ်ယောက်လဲပါလာတယ်ဆိုတော့ ကျန့်ကျန့်ကစားဖို့အဖော်ရတာပေါ့လေ။
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️