TLFB - Ep 24

6.5K 855 70
                                    


That Little Frisky Boss Ep 24

လောကမှာ ဘယ်အရာမှမတည်မြဲဘူးဆိုတာ တကယ်မှန်တယ်ဗျ။

အခုလဲကြည့်လေ၊ အရင်တုန်းက ရိပေါ်ကို အကြောင်းမရှိအကြောင်းရှာပြီး သူ့အခန်းထဲကို လာခိုင်းတဲ့ ရှောင်းကျန့်က အခုဆိုရင် တစ်နေ့နေလို့ တစ်ခါမှပင်မခေါ်တတ်ပေ။

လူ့စိတ်ဆိုတာလဲ အဆန်းသား၊ ခေါ်တုန်းကဖြင့် ငြိုငြင်ခဲ့သောရိပေါ်က မခေါ်တဲ့အချိန်မှာတော့ ချောင်းပေါက်မတတ်သွားချင်နေတာ့တာပဲ။

ဒါပေမယ့် ပိုခက်တာက ရေက စီးမလာခဲ့တော့ပေ။

ဖိုင်တစ်ခုကိုင်ကာ ရုံးခန်းထဲက ထွက်လာသော ဟောက်ရွှမ်းကို ရိပေါ် မျက်လုံးတောင့်ကနေ မြင်လိုက်တာမို့ အီးမေးလ်စစ်နေရင်းက လှမ်းခေါ်လိုက်မိသည်။

“ဟောက်ရွှမ်း ဘယ်သွားမလို့လဲ”

“သြော် အမမျန်မျန်က ဒီစာရင်းလေး ဥက္ကဌဆီသွားတင်ပေးပါဆိုလို့ သွားတင်မလို့ ရိပေါ်ကော”

အလုပ်လုပ်တာကြာလာတာနဲ့အမျှ အသက်အငယ်ဆုံးဖြစ်တဲ့ ဟောက်ရွှမ်းနဲ့ ရိပေါ်က တော်တော်လေးရင်းနှီးလာတာမို့ အတွင်းရေးမှူးဝမ်လို့မခေါ်တော့ပဲ ရိပေါ်ကောလို့ပြောင်းခေါ်သည်။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ နှစ်ယောက်အတူ တစ်ခွက်တစ်ဖလားဆိုပြီး သွားသောက်ဖြစ်ကြသေးသည်။

အဲဒီအခါမှပဲ ဟောက်ရွှမ်းရဲ့ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်ကြီးကို သူသိခဲ့ရတာ ဟောက်ရွှမ်းက ကျိရန်ကောကို ကြိုက်နေပါသတဲ့။ အဲဒါနဲ့ ဖွင့်ပြောပြီးပြီလားဆိုတော့ မပြောရဲသေးတာမို့ မပြောသေးဘူးတဲ့။

ဒါပေမယ့် ကျိန်းသေပေါက် အခွင့်အရေးရအောင် ဖွင့်ပြောမှာလို့ပြောလာတဲ့ ဟောက်ရွှမ်းကိုကြည့်ပြီး ရိပေါ် အားကျခဲ့ရသေးသည်။

ရိပေါ်ကတော့ ဟောက်ရွှမ်းလိုမဟုတ်၊ သူ့စိတ်ခံစားချက်ကို သူရေရေရာရာမသိသေးတာမို့ ရှောင်းကျန့်ဥပေက္ခာတွေကြားမှာ နေမထိ ထိုင်မသာနဲ့ပဲ။

ရှောင်းကျန့်ကို သူသဘောကျနေမိတယ်ဆိုတာ သေချာသလောက်ရှိပေမယ့် အဲဒါက အချစ်ဆိုတဲ့အဆင့် ဟုတ်မဟုတ် သူမသိသေးပါ။ အမြဲတမ်း ကိုယ်က အလိုက်ခံနေရရင် ကိုယ့်ကို မလိုက်တော့တဲ့အခါ မနေတတ်တာမျိုးသက်သက်ဖြစ်နေမှာကို ရိပေါ်က စိုးရိမ်တာဖြစ်သည်။

That Little Frisky Boss (Completed)Kde žijí příběhy. Začni objevovat