TLFB - Ep 12

6.7K 989 134
                                    

That Little Frisky Boss Ep 12

ဝမ်ရိပေါ်က တကယ့်လူဆိုး။ ဘယ်လောက်တောင်ဆိုးသလဲ ခင်ဗျားတို့စဉ်းစားကြည့်။

သူက အတွင်းရေးမှူး၊ ကိုယ်က သူဌေး၊ အဲဒါကို ကိုယ့်ကိုဂုတ်ကနေဆွဲပြီးလဲ ရုံးတက်ခိုင်းသေးတယ်၊ နေ့လည်စာလဲ မကျွေးဘူးခင်ဗျာ။ လမ်းမှာဝင်စားနေရင် အချိန်ကုန်တယ်ဆိုပြီး report စစ်နေရင်းနဲ့ ထမင်းကြော်ပါဆယ်ပဲ ကျွေးတယ်။

တခြားအလုပ်ကိစ္စသာမမှတ်ရင်နေမယ်၊ ဝမ်ရိပေါ်ကို မကျေနပ်တာတွေအကုန် ရှောင်းကျန့်အကုန်လုံး ဖုန်းက notes ထဲမှာမှတ်တယ်။

ရိပေါ် သူ့ကို တစ်ခါနှိပ်စက်ရင် အာဘွားတစ်ချက်နှုန်းနဲ့ စာရင်းပြုစားထားတာ၊ ချစ်သူဖြစ်ရင် အတိုးချပြီးနမ်းမယ်ပေါ့။

ဒါပေမယ့် အဲဒီလိုပြောဖို့ ချစ်သူဖြစ်ဖို့ နီးစပ်နေပြီလို့မထင်ပါနဲ့၊ တွေ့တာနဲ့အထိုးခံနေရတာ နှုတ်ခမ်းနဲ့မဟုတ်ပါဘူး၊ မျက်စောင်းနဲ့ပါ။

တောက်တေလျှာက် ကွန်ပျူတာဖန်သားပြင်ကိုကြည့်ကာ report တွေထိုင်ဖတ်ရတာမို့ ရှောင်းကျန့် ဇက်ကြောတွေညောင်းနေပေမယ့် တရေးတမောတောင် အ်ိပ်လို့မရဘူး။

အကြောင်းရင်းကတော့ ရိပေါ်က သူ့ရှေ့တည့်တည့်မှာ ငုတ်တုတ်ထိုင်နေလို့ပဲ။

လကုန်ရက်မို့ project တွေရဲ့ တစ်လစာ implementation progress တွေကို တွေကို presentation slides နဲ့တစ်ဖုံ၊ word file နဲ့တစ်ဖုံ တင်ပြလာတာတွေက အများကြီးပဲ။

ရှောင်းကျန့်ကတော့ အဲဒါတွေကြည့်မယ့်စား ရိပေါ်မျက်နှာလေးကိုပဲ ငေးကြည့်နေရတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။

ဒီလိုအချိန်မျိုးဆိုရင်တော့ ရှောင်းကျန့်ရဲ့အတွေးနဲ့အလုပ်ကထပ်ထူကျတယ်၊ မိမိမျက်စိရှေ့မှာထိုင်ပြီး မိမိကို report ကူစစ်ပေးနေတဲ့ ရိပေါ်မျက်နှာလေးကို ရှောင်းကျန့်ငေးတယ်။

ငယ်ငယ်တုန်းကတည်းက ဖောင်းတဲ့ပါးလေးက အခုလဲဖောင်းတုန်းပဲ၊ ပြီးတော့ အိစိအိစိနဲ့ ကိုင်လို့ကောင်း။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ၊ ဖင်ရုံးရုံးယေးကလဲ ကိုင်လို့ကောင်းတုန်းပဲလေ အဟစ်ဟစ်။

That Little Frisky Boss (Completed)Hikayelerin yaşadığı yer. Şimdi keşfedin