That Little Frisky Boss Ep 19ဒါရိုက်တာစုန်နဲ့ မြေကွက်လေလံဆွဲတဲ့နောက်ကိုလိုက်ရမယ်လို့ မန်နေဂျာလျှိုကပြောကတည်းက ဟောက်ရွှမ်းပါးစပ်စေ့မရအောင် အပျော်တွေလွန်နေမိသည်။ ဒါရိုက်တာစုန်နဲ့က အလုပ်လုပ်တဲ့အထပ်ချင်းမတူတာမို့ အမြဲမတွေ့နိုင်။ ရုံးမှာ canteen ရှိပေမယ့် အစားနည်းတဲ့ ဒါရိုက်တာစုန်က canteen ကိုလဲသိပ်လာလေ့မရှိပါ။
ဥက္ကဌက BD ဌာနကို သွားခိုင်းတာပဲဖြစ်ဖြစ်၊ BD team နဲ့အစည်းအဝေးလုပ်တာပဲဖြစ်ဖြစ်၊ ထိုသို့ကိစ္စရှိမှသာ ဒါရိုက်တာစုန်နဲ့ တွေ့ရတာမို့ အခုလို ကြုံတောင့်ကြုံခဲ အခွင့်အရေးဟာ အထူးကံကောင်းမှုကြီးလို့ ဟောက်ရွှမ်းတွေးမိလေပြီ။
အစတုန်းကတော့ အတည်ကြီးရင်ခုန်တာလား၊ စိတ်ကစားတာလားဆိုတာ ဟောက်ရွှမ်းသိပ်မသေချာ။ ဒါပေမယ့် သူသိတာက ဒါရိုက်တာစုန်ရဲ့မျက်နှာချောချောကိုငေးကြည့်ချင်နေတာ၊ သူ့အနားကို တရစ်ဝဲဝဲသွားချင်နေတာ၊ စကားတွေပြောချင်နေမိတာဖြစ်သည်။
တဖြည်းဖြည်းကြာလာတော့ အဲဒီအခွင့်အရေးရဖို့ကြိုးစားနေရတာကို ဟောက်ရွှမ်းပျော်လာတတ်ခဲ့တယ်။ ထိုသို့ဆုံရတိုင်းလဲ ရင်တွေအတိုင်းအဆမဲ့ခုန်နေတတယ်။
အဲဒီလိုဖြစ်ကာမှပဲ သူ ဒါရိုက်တာစုန်ကို တကယ်သဘောကျနေမိတယ်ဆိုတာ ကိုယ့်ဘာသာ သေချာလာခဲ့တယ်။ သို့ပေမယ့် သူတို့နှစ်ယောက်အခြေအနေက ခင်ဗျားကို ကျွန်တော်သဘောကျတယ်၊ ကျွန်တော်တို့တွဲကြမလားလို့ ဒဲ့တိုးသွားမေးဖို့လွယ်လှတဲ့အခြေအနေမျိုးမဟုတ်ခဲ့ပါ။
ဟောက်ရွှမ်းကလဲ လူလတ်တန်းစားမိသားစုကမို့ ဆင်းရဲသည်ဟု မဆိုသာသော်လည်း ဒါရိုက်တာစုန်လောက်တော့ မပြည့်စုံတာအမှန်။ ပြီးတော့ အသက်ချင်းသိပ်မကွာလှပေမယ့် ရာထူးချင်းက ကွာခြားသောကြောင့် သူ့အနေနဲ့ ဒါရိုက်တာစုန်ကို တန်းတူလိုသဘောထားပြီး ပေါ့ပျက်ပျက်ဖွင့်ပြောဖို့မဖြစ်နိုင်။
တဖြည်းဖြည်းချင်း သံယောဇဉ်ခိုင်မာအောင် တည်ဆောက်ပြီးကာမှ သူ့ကိုမငြင်းလောက်ဘူးလို့ သေချာတဲ့အချိန်အခါရောက်တော့မှ ဖွင့်ပြောတာက ဟောက်ရွှမ်းအတွက် ပိုအဆင်ပြေနိုင်သည်။ အဲဒီလိုမှမဟုတ်ပဲ ဗြုန်းစားကြီး သဘောကျတယ်သွားပြောလို့ ဟိုက ငြင်းလွှတ်လိုက်ရင် တစ်ရုံးတည်းမှာအတူလုပ်သူများမို့ မျက်နှာပူစရာတွေဖြစ်လာနိုင်သည်လေ။
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️