“ကော အဝတ်အစားလဲပြီးပြီလား"
"အင်းပြီးပြီ.."
ဒီနေ့ညနေ Xiao Construction ရဲ့ Hotel အသစ်ဖွင့်ပွဲရှိတာမို့ အိမ်ပြန်ပြီးအဝတ်အစားလဲကာ ရှောင်းကျန့်ကို လာကြိုရပြန်တယ်။
ကောက အခန်းထဲမှာလို့ အကိုယွင်ရှီးပြောတာမို့ ကောကို အခန်းထဲဝင်ခေါ်တော့ ကောက ရိပေါ်ကိုကြည့်ပြီး မျက်နှာလေးက စူပုတ်ပုတ်နဲ့။
"မျက်နှာက ဘာလို့စူပုတ်နေတာလဲ ကောရဲ့”
“အိပေါ်လေးက အရမ်းကြည့်လို့ကောင်းနေတယ်။ လာသမျှ ဧည့်သည်တွေက အိပေါ်လေးကို ကြည့်ကြတော့မှာပေါ့ ကော မနာလိုဘူး”
နှုတ်ခမ်းတထော်ထော်နဲ့ ရှောင်းကျန့်အူတိုနေတဲ့ပုံက ရိပေါ်ရင်ဘတ်ထဲကို ယုန်ကလေးတစ်ကောင်ဝင်လို့ ခုန်ဆွခုန်ဆွလုပ်နေသလို အူယားစေတာမို့ ရှောင်းကျန့်မျက်နှာကို လက်နှစ်ဖက်နဲ့ ပွေ့ယူလိုက်ပြီး နှုတ်ခမ်းလေးကို အနမ်းပေးလိုက်မိတော့တယ်။
ဟိုတစ်ခါကတုန်းက ရုံးခန်းထဲကလို အခန်းထဲကို
တခြားလူဝင်မလားလားလို့ ရိပေါ်မစဉ်းစားနိုင်တော့ဘူး။အဲဒီနှုတ်ခမ်းလေးတွေက အနမ်းပေးဖို့
ရိပေါ်ကို ဆွဲဆောင်နေတယ်လေ။ပထမဆုံးအနမ်းဟာ သူမတူအောင် ချိုမြလွန်းနေသလို၊ ခပ်ဖွဖွလေးထိကပ်လိုက်ရုံနဲ့တောင် ရိပေါ်ကို တိမ်တွေပေါ် ဆွဲခေါ်သွားသလို ခံစားရလိုက်ရတယ်။
ဒီထက်ပိုပြီး ခပ်ကြမ်းကြမ်းနမ်းမိရင်တောင် ပဲ့ကျသွားမှာစိုးရလောက်အောင် ရှောင်းကျန့်နှုတ်ခမ်းပါးတွေက နူးညံ့လွန်းပါဘိနဲ့။
ဒီထက်ပိုပြီးနမ်းပစ်ချင်ပေမယ့် ချစ်ရသူငြိုငြင်သွားမလားဆိုတဲ့စိတ်နဲ့ တစ်မိနစ်လောက် နှုတ်ခမ်းချင်းထိကပ်ထားပြီးတဲ့နောက် ရိပေါ်နှုတ်ခမ်းတွေကို မခွာချင်ပဲ ခွာပစ်လိုက်ရတယ်။
“ဒါပဲလား”
မျက်မှောင်ကျုံ့ပြီးမေးလာသူကြောင့် ရိပေါ်မှာ ပါးစပ်အဟောင်းသားနဲ့။
“နည်းသေးတယ် ဘယ်လိုနမ်းရမလဲဆိုတာပြမယ်”
ခြေတစ်လှမ်းစာလောက်အကွာမှာရပ်နေတဲ့ ရိပေါ်ရဲ့ခါးကို ရှောင်းကျန့်က လက်နှစ်ဖက်နဲ့ သိုင်းယှက်ကာဖက်လိုက်ပြီးတဲ့နောက် ရိပေါ်နှုတ်ခမ်းတွေမှာ အခြေချလာတယ်။
CZYTASZ
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️