အပြန်လမ်းမှာ ရိပေါ်တို့နှစ်ဦးသားလုံး တိတ်ဆိတ်ငြိမ်သက်လို့ပဲ။ ရိပေါ်က တစ်ခုခုပြောချင်ပေမယ့် ရှောင်းကျန့်က ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာမို့ ရိပေါ် စကားစရခက်နေတာလဲဖြစ်တယ်။“ကားသွားနေတာကို ဖုန်းမသုံးနဲ့လေ ခေါင်းကိုက်နေအုံးမယ်”
“ဘာမှမဖြစ်ပါဘူး ခါတိုင်းလဲသုံးနေကြပဲဟာကို..”
“အဲဒီလောက်တောင် အရေးတကြီး ဘယ်သူနဲ့ စာပို့နေရတာလဲ”
“ကျိရန်နဲ့လေ…”
“လာပြန်ပြီ ကျိရန် .. ခင်ဗျား အဲဒီလူနဲ့ကြိုက်နေတာလား”
“ကြိုက်စရာလား”
မနာလိုအူပုတ်စွာမေးလိုက်ပေမယ့် ချက်ချင်းပဲ ကြိုက်မနေဘူးဆိုတဲ့သဘောသက်ရောက်တဲ့ အဖြေပြန်ရတာမို့ ရိပေါ် ကျေနပ်စွာပြုံးလိုက်မိတယ်။ မကြိုက်မှန်းတော့ သိပေမယ့် အဲဒီလို နှုတ်ကထုတ်ပြောတာကိုကြားချင်လို့ တမင်မေးလိုက်မိခြင်းသာ။
“အဲဒါဆို ဟိုဒေါက်တာကိုရော”
“မဆိုင်တဲ့သူကိုဆွဲထည့်ပြန်ပြီ ဘာလို့သူ့ကိုကြိုက်ရမှာလဲ”
“သူကတော့ကြိုက်နေပုံပဲလေ။ မျက်နှာကို အရိပ်လိုလိုက်ကြည့်နေတာများ ကျွန်တော့်ကို ရှိတယ်လို့တောင် ထင်ပုံမရဘူး”
“ဟက် … ဟုတ်လား ကောင်းတာပေါ့”
ရိပေါ် ကားမောင်းနေသော်လည်း ခပ်ထေ့ထေ့ပြုံးကာဆိုလိုက်ဟန်ကို မျက်လုံးတောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်တာမို့ ရှူးရှူးရှားရှားဖြစ်လို့သွားတယ်။
“ကောင်းတာပေါ့ ဟုတ်လား ဘာကိုကောင်းတာလဲ ကျန့်ကော တကယ်ပဲ သူ့ကိုကြိုက်နေတာလား”
ရှောင်းကျန့် သူ့ကိုစိတ်ဆိုးပြီး စကားနည်းသွားတာ၊ ဥပေက္ခာပြုသွားတာကို သည်းခံနိုင်ပေမယ့် သူ့နေရာမှာ တခြားတစ်ယောက်ကို အစားထိုးလိုက်မှာကိုတော့ ရိပေါ် နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။
သူကသာ ရှောင်းကျန့်ကို ပြန်ကြိုက်ဖို့ မူရင်မူမယ်၊ ရှောင်းကျန့်ကတော့ သူ့ကိုပဲကြိုက်နေသင့်တာလေ။
ŞİMDİ OKUDUĞUN
That Little Frisky Boss (Completed)
Hayran KurguI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️