That Little Frisky Boss Part 17ဆေးရုံရောက်တော့ ရှောင်းကျန့်က ခြေထောက်ကိုအထိမခံနိုင်အောင် နာနေတယ်ဆိုတာနဲ့ emergency ဌာနက တာဝန်ကျတဲ့ဆရာဝန်က ရှောင်းကျန့်ခြေထောက်ကို ဓာတ်မှန်ရိုက်ခိုင်းပြီး အရိုးအထူးကုဆရာဝန်ဆီ လွှဲပေးတယ်။
“ဒေါက်တာ ခြေထောက်ကကျိုးသွားတာလား”
ရိုက်ထားတဲ့ ဓာတ်မှန်ကိုကိုင်ပြီးစစ်နေတဲ့ဆရာဝန်ကို ရိပေါ်မေးလိုက်တယ်။
“ကျိုးတော့မကျိုးဘူး ခြေကျင်းဝတ်နားက အရိုးတစ်ချောင်းအက်သွားတယ်။ နောက်ပြီးချော်လဲတဲ့အချိန်မှာ ခြေကျင်းဝတ်လည်သွားသေးလား”
“အဲဒီလိုဖြစ်မယ်ထင်တယ်ဆရာ။ ကြမ်းပြင်မှာ ဆီတွေနဲ့မို့ ချော်လဲတဲ့အချိန်မှာ အရှိန်ထိန်းဖို့ခက်သွားတာ”
ရှောင်းကျန့်ကထိုသို့ဖြေတော့ အသက်ငယ်သေးတဲ့ပုံရတဲ့ဆရာဝန်က တစ်ချက်ပြုံးလိုက်တာကို ရိပေါ် မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဆရာဝန်ဘာလို့ပြုံးသွားလဲဆိုတာ ချက်ချင်းသတိထားမိတဲ့ ရိပေါ်မှာ မျက်နှာမထားတတ်အောင်ဖြစ်မိတယ်။ ဒီရှောင်းကျန့်တစ်ယောက်နဲ့တော့။
“ဒေါက်တာ .. ဆီဆိုတာရိုးရိုး စားတဲ့ဆီကိုပြောတာပါ”
“အဟင်း ကိုယ်လဲ ဘာမှမပြောပါဘူး”
ဘာမှာမပြောဘူးသာဆိုတယ် သူ့မျက်လုံးအကြည့်နဲ့ အပြုံးက တစ်မျိုးကြီးလေ။ သိတယ်မဟုတ်လား။ ယောကျာ်းလေးနှစ်ယောက်အတူဆေးခန်းလာပြပြီး ဆီကြောင့် ချော်လဲသွားတယ်ဆိုတာက တစ်မျိုးကြီးဖြစ်နေတယ်လေ။
“ဘာဖြစ်လို့လဲ ရိပေါ်”
“ဘာမှမဟုတ်တော့ဘူး ဒေါက်တာပြောတာပဲ နားထောင်”
“အရိုးအက်သွားတာကို ပတ်တီးစည်းပေးလိုက်ပါမယ်။ ကျိုးတာမဟုတ်တော့ ပြန်ကောင်းဖို့အရမ်းအချိန်ယူစရာမလိုတော့ တော်သေးတာပေါ့။ တစ်ပတ် ၁၀ ရက်လောက်တောင် တတ်နိုင်သမျှ မလှုပ်မရှားပဲနေရမယ်။ အလုပ်တွေဘာတွေတော့သွားတက်လို့မဖြစ်ဘူး”
“ဟုတ်ကဲ့ ဒေါက်တာ”
“၁၀ ရက်နေရင် ပတ်တီးဖြည်ဖို့ လာခဲ့ပါ။ ကိုယ်က ည ၇ နာရီကနေ ၉ နာရီအတွင်းရှိပါတယ်”
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️