ကံကောင်းချင်တော့ ရိပေါ်ထင်တဲ့အတိုင်းပဲ ရှောင်းကျန့်က အိမ်ပြန်သွားတာပဲ။"ကျန့်ကော ကျန့်ကော ကျွန်တော့်ကို တံခါးဖွင့်ပေးပါဦး''
အိမ်ရဲ့pwကိုသိလို့ ရိပေါ်ဒီတိုင်းဝင်လာနိုင်ပေမယ့် ရှောင်းကျန့်က အခန်းတံခါးကိုပိတ်ပြီး နေနေတာမို့ ရှောင်းကျန့်အခန်းတံခါးကို တဒုန်းဒုန်းနဲ့ထုရိုက်နေမိတယ်။
ဒါပေမယ့် ရှောင်းကျန့်ကတံခါးလာမဖွင့်ပေးဘူး။
"ကျန့်ကော ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော့်ကို တံခါးလေး ဖွင့်ပေးပါဦး''
ရိပေါ် တကြော်ကြော်အော်ခေါ်နေပေမယ့် အထဲက ရှောင်းကျန့်က တုပ်တုပ်မှမလှုပ်ဘူး။
အဲ့ဒီအချိန်မှာပဲ ရိပေါ်အနားကို အကိုယွင်ရှီးက ရောက်လာတယ်။
"ရိပေါ် အကိုတို့ စကားခနပြောရအောင်''
"အကို ကျန့်ကောက....''
"ကိုယ်သိပါတယ် ဒါပေမယ့် ရှောင်းကျန့်စိတ်ကြီးတာ မင်းသိရဲ့သားနဲ့ ... ရိပေါ် သူ့အခန်းတံခါးကို ဆက်ခေါက်နေလဲ သူကခုချိန်မှာဖွင့်ပေးမှာမဟုတ်ဘူး အဲဒီတော့ အကိုတို့ စကားခဏပြောရအောင်"
"ဟုတ် ဟုတ်ကဲ့''
အကိုယွင်ရှီးပြောတာလဲ ဟုတ်နေတာပဲမို့ ခဏလောက်တော့ ရှောင်းကျန့် စိတ်တည်ငြိမ်အောင်နေပါစေဆိုပြီး အကိုယွင်ရှီးခေါ်ရာ ဧည့်ခန်းထဲသို့ လိုက်သွားလိုက်တယ်။
"ရိပေါ် .. ရိပေါ်နဲ့ ခုနကတွေ့ခဲ့တဲ့ အမျိုးသမီးနဲ့က ဘယ်လိုတွေပတ်သတ်တယ်ဆိုတာ အကို့ကိုပြောပြလို့ရမလား''
"ကျွန်တော်နဲ့ ဘယ်လိုမှ မပတ်သတ်ပါဘူးဗျာ''
"သေချာလို့လား ရိပေါ်။ အကိုသိထားတာ အဲ့လိုမဟုတ်ဘူးနော်''
"ဒီလိုပါ ကျွန်တော်ရှင်းပြပါ့မယ်။ ကျွန်တော်နဲ့သူနဲ့က အစတုန်းကတော့ ဒိတ်သဘောမျိုးနဲ့ တစ်ခါနှစ်ခါတွေ့ကြည့်တာပါ။ ဒါပေမယ့် တွေ့ရင်းနဲ့ ကျွန်တော်သူ့ကို ဘယ်လိုမှသဘောမထားဘူး။ ဘယ်လိုမှ စိတ်မဝင်စားဘူးဆိုတာ သိလာတယ်''
YOU ARE READING
That Little Frisky Boss (Completed)
FanfictionI can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️