Part...19

3.2K 274 10
                                    

ရှောင်းကျန့်ကိုယ်ပေါ်မှာအတင်းကပ်
ပြီးမပြုတ်ကျအောင် အတင်းတွယ်တက်နေတဲ့ကောင်လေးကို ချင်ချင်
က ချီလိုက်သည်။

"သား...လူကြီးကို ဘာကျန့်ကောလဲ
ဦးကျန့်လို့ ခေါ်လေ"

"ဦးဦးရွှမ်းက အာဘွားပေးတဲ့လူကို
ကောလို့ ခေါ်ရတယ်တဲ့"

ကျိယန် မှာဟောက်ရွှမ်းခေါင်းကို
ခေါက်လိုက်တယ်။

"တွေ့လား ကလေးအရှေ့မှာ မဟုတ်
တာ မပြောပါနဲ့ပါလို့ "

"ကျန့်ကျန့်...ဟျောင့်...မတ်တပ်
သေသွားတာလား"

ငြိမ်သက်နေတဲ့ ရှောင်းကျန့်ရဲ့ပခုံးကို
လှုပ်ကာကျိုးချန် ခေါ်လိုက်တယ်။

"ဟမ်...ငါ...ငါ ခဏလောက် ခွင့်ပြုနော်"

စိတ်နဲ့လူနဲ့မကပ်တဲ့ခန္ဓာကိုယ် ယိမ်း
ယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ သူ့အခန်း
ဆီသို့ ဦးတည် သွားလိုက်သည်။

"ငါလိုက်သွားလိုက်မယ် မင်းတို့
စားနှင့်ကြ"

ဟိုက်ခွမ်းက ရှောင်းကျန့်အနောက်မှ
လိုက်သွားလေသည်။ အခန်းထဲ ဝင်
လိုက်တော့ ကုတင်ပေါ်တွင်ငူငူလေး
ထိုင်နေတဲ့ ရှောင်းကျန့် ဝင်ထိုင်
လိုက်ပြီး ပခုံးကိုပုတ်ကာ...

"စိတ်နဲ့လူနဲ့ကပ်ပါအုံးကွာ စိတ်ကို
စုစည်းလိုက် ဘာလဲ မင်းရဲ့ရိပေါ် က
ကျန့်ကောလို့ ခေါ်လို့လား"

ထိုအမေးကြောင့်ရှောင်းကျန့် ပြုံးလိုက်
မိသည်။

"ဟုတ်တယ် ငါရဲ့ချစ်ရတဲ့ရိပေါ်က
ကျန့်ကော ကျန့်ကော ဆိုပြီး ခေါ်တာ
ဒီ baby လေး ရဲ့ကျန့်ကောလို့ခေါ်တဲ့ အသံက ငါ့ကိုကြည်နူးသွားစေတယ်
ငါဗိုက်ပြည့်သွားပြီ ငါညစာ မစားတော့
ဘူး သွားလေ မင်းသွားစားတော့
Baby လေး ရဲ့ ကျန့်ကောက ငါ့ကို
ဗိုက်ပြည့်သွားစေပြီ "

ထိုစဉ် ရိပေါ် ကဝင်လာပြီး ကျန့်၏
လက်တစ်ခုလုံးကိုဆုပ်ကိုင်ထားဖို့
သူ့လက်လေးတွေက သေးလွန်းနေ
တာကြောင့် လက်ညိုးလေးကိုသာ ဆုပ်ကိုင်လာလေသည်။

"ကျန့်...ကျန့် စိတ်ဆိုးသွားတာလား"

သူ့လက်ညိုးကို ကိုင်ရင်းပြောနေတဲ့ ကောင်လေး ကို ပေါင်ပေါ် တင်လိုက်
ပြီး creamyရောင် ဆံပင်လေးတွေကို လက်ချောင်းလေးတွေဖြင့်ထိုးဖွလိုက်သည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now