Part...3

6.5K 487 19
                                    

သူ့ အနောက်ပြေးလိုက်လာတဲ့
ကောင်လေးကြောင့် ခြေလှမ်းတွေကိုမသိမသာ နှေးမိကာ ခေါင်းငုံ့ရင်းယး
ခိုးပြုံးမိသည်။

"မင်း...လာပြန်ပြီလား "

မှီလာပြီဖြစ်တဲ့ကောင်လေး သူ့ဘေးရောက်သည်နှင့် လှည့်ကြည့်ကာ
သူသိချင်နေသည်ကိုမေးခွန်းထုတ်
လိုက်တယ်။

"ဒါနဲ့ မင်းမှာလုပ်စရာမရှိဘူးလား
ပြောတော့ ငါ့ထက်ငယ်တယ်ဆို
ကျောင်းမတက်ဘူးလား
ဘယ်နှနှစ်ငယ်တာလဲ
၁နှစ် လား ၂နှစ်လား ၃နှစ်လား "

လက်ချောင်းတစ်ချောင်းချင်း
စီထောင်ရင်းမေးလိုက်တော့ ရိပေါ်
ဆိုသည့်ကောင်လေးမှာ သူ့ရဲ့ လက်ချောင်းလေးတွေကို အသာ
ကိုင်လာသည်ကြောင့် လက်သီးဆုပ်
လိုက်မိရာ လက်ညိုးတစ်ချောင်း
တည်းကိုသာ ယူလို့ပြန်ထောင်စေတဲ့ ကောင်လေးဟာ သူ့နှင့် အသက်မည်
မျှကွာကြောင်းကို ပြောလာလေသည်။

"၁ နှစ် တည်း ငယ်တာ လောလော
ဆယ်တော့ ကောနောက်လိုက်မဲ့
အလုပ်ပဲရှိတယ်"

"နှုတ်ခမ်း ကြီး စူမထားနဲ့လေ
ကျွန်တော့်ကိုနမ်းမိနေအုံးမယ်"

လက်ညိုးနဲ့ လက်ခလယ်ကို
ကပ်ကြေးပုံစံလုပ်ကာ ဆူထွက်လို့
ဆူထွက်မိမှန်းမသိတဲ့နှုတ်ခမ်းလေး
ကို ညှပ်လို့လာတယ်။

"ချီးကောင် ရာရာစစ ငါ့ကိုနောက်
နေတယ်"

"ဒါနဲ့...အဲ့လိုလုပ်တာမင်းကို ဘယ်သူသင်ပေးတာလဲငါသိနေတယ်

"အာ့..ခေါင်းကိုက်လိုက်တာ"

ထိုအပြုမှုမျိုးကိုရင်းနှီးနေသည့်
စိတ်ကြောင့် စဥ်းစားလိုက်မိရာ
ရုတ်တရက်ထိုးကိုက်လာတဲ့
ခေါင်းကြောင့် နားထင်ကို ​လက်ညိုး
လေးဖြင့်ထောက်ကာဖိနှိပ်မိသည်။

"ချစ်လို့စတာပါဗျာ ခေါင်းကိုက်နေ
တာလား"

"ဘာ ချစ်လို့...မင်းနော်..."

ခေါင်းလေးကိုတဖွဖွပုတ်ကာ
ပြောလာသည့်စကားကြောင့်
ရှောင်းကျန့်မှာမျက်တောင်တဖျတ်
ဖျတ်ခတ်နေမိပြီး နှုတ်မှလည်း
တောင်စဉ်နေမရအော်ဟစ်ကာပြော
နေလေသည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now