"ဟျောင့် (5)လ ရှိပြီ ကလေးမွေးပြီး
ထဲက အေးဆေး မတွေ့ရသေးဘူး
ပျောက်နေတယ် တော်ရုံပဲ လုပ်ပါ
ကွာ အလုပ်တစ်ဖက် ကျောင်းတစ်
ဖက်နဲ့ "ဆေးရုံကဆင်းလာပြီး မပြီးသေးသောကျောင်းကိုဆက်တက်ရင်း အလုပ်
ပါ.ကြိုးစားနေတဲ့ရှောင်းကျန့် ကို
ကျိုးချန် ပြောလိုက်သည်။"အေးပါကွာ baby လေးရော
ငါတွေ့ချင်နေပြီ မင်းကို သတိရလို့
လာတာ မဟုတ်ဘူးဖယ်စမ်း ရှေ့မှာ
ပိတ်ပြောနေတယ် "အိမ်အပေါက်ဝမှာ လူကိုတွေ့သည်နှင့်
စီးကာပြောနေသော ကျိုးချန် ကို
တွန်းတိုက်ပြီး ရှောင်းကျန့်အိမ်ထဲသို့
ဝင်သွားလေသည်။"ဒီမှာ မျိုရင်း စောင့်နေ မင်းအမ
ဆင်းလာလိမ့်မယ် ဒါနဲ့ ငါ့သားလေး
ကလေ မပြုံးသေးဘူးကွာ ငါဘယ်လို
စစ ဘယ်သူဘယ်လောက်စစ
မပြုံးဘူးကွာ"ညည်းညည်းညူ ညူ ပြောနေတဲ့
ကျိုးချန်ကို မျက်စောင်းထိုးလိုက်
မိသည်။"ချီးလား (5)လ သားလေးက
ပြုံးတတ်မလား""မြူ ရင် ကလေးတွေက ရယ်တယ်လေ"
ဆက်ပြီးငြင်းခုန်ချင်ပေမယ့် သူ့အမေနဲ့အတူဆင်းလာသည့် baby လေးကို
မြင်လိုက်တာကြောင့်ရှောင်းကျန့် မှာ
ကျိုးချန် အားပါးစပ်ပိတ်ခိုင်းလိုက်
သည်။"မင်းပါးစပ်ကိုပိတ်တော့ ဟိုမှာ
ငါ့ baby လေး"လှေကားမှ ကလေးချီကာ ဆင်းလာတဲ့
ချင်ချင့်အနားသို့ပြေးကာ ကလေး
ငယ်လေး.ကို ရှောင်းကျန့်မှာ ပွေ့ချီ
လိုက်သည်။ မချီတတ်မှာတော့ မစိုး
ရိမ်ရ baby လေးဆီမလာခင်ရက်
တွေထဲက ကလေးချီနည်းကို သူသေ
ချာလေ့လာထားပြီးပြီ ဖြစ်တယ်။"ဟဲ့ ကျန့်ကျန့် ချီတတ်လို့လား"
ဖြူဖြူလုံးလုံးလေးဖြစ်နေသည့်
ကလေးလေးအား ပွေ့ပိုက်ရင်းအမေ
ထက်ပင်ပို၍ ချီတတ်ကြောင်း ချီပြ
လိုက်ပြီး ချင်ချင့်ကိုမျက်စောင်းထိုးရင်း
ခုံတွင်ထိုင်လိုက်သည်။"baby လေး ရေ ဒီကိုကြည့်ပါအုံး
ကျန့်ကို ကြည့်ပါအုံး "လက်ညိုးလေးနဲ့ ကလေးကို တို့ထိ
ရင်းစလိုက်တော့ သူ့ကို ငြိမ်ငြိမ်လေး ကြည့်ပြီးပြုံးလိုက်တဲ့ ကလေးလေးကြောင့် ထအော်မိသည်အထိပင်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳