Part...53(2)Final

5.7K 235 29
                                    

"ကျန့် အဆင်ပြေတာမို့လွှတ်ပါအုံးကွာ"

ရှောင်းကျန့်ရဲ့စကားသံကြောင့် ရိပေါ်
အတွေးတို့ကို ရပ်ပစ်လိုက်ပြီး လူချင်း
ခွာလိုက်ကာ သူ့ကျန့်ရဲ့ ပခုံးစွန်းလေး
ကို ဆုပ်ကိုင်လိုက်တယ်။

"အဆင်ပြေရင် ဒါလေးရှုလိုက် "

လက်ထဲက ပုဝါကို ရှောင်းကျန့် ရဲ့နှာခေါင်းဝမှာ အုပ်ပစ်လိုက်တယ်။
နားမလည်သလို ကြည့်နေတဲ့ ကျန့်ဟာ
ခဏကြာတော့ ရိပေါ် ရင်ခွင်ထဲ ပြိုကျ
လာတော့သည် ။
ထိုအခါမှ ကျန့် ရဲ့ ကိုယ်လေးကို
ပွေ့ကာခြံဝမှ အသင့်စောင့်နေတဲ့
ကားဆီခေါ်သွားလေသည် ။

"ဦး ကျိယန် ဘာမှမဖြစ်ဘူးမို့လား "

ခြံဝမှစထွက်ထဲက မေးလာတဲ့မေးခွန်း
ဟာ လိုရာခရီးတောင် ရောက်တော့
မယ် ရိပေါ်တို့က မေးလို့မပြီးပေ။
ကားနောက်ခန်းထဲကနေ ရှောင်းကျန့်
၏ ကိုယ်လေးကို သူ့ကိုယ်ပေါ် မှာသာ
တစ်လမ်းလုံးပွေ့ထားပြီး သူ့လူကြီးရဲ့
ရင်ခုန်သံကို ကိုယ်ကြီး ကိုင်းကာ
နားထောင်နေရတာ သူ့မှာ အမော။

ကျိယန် မနိုင်ဘူး ဆိုသည့်သဘောဖြင့်
ခေါင်းခါရမ်းသည်။

"ဘာလို့ ငါ့ကို လာခေါ်ခိုင်းတာလဲ "

"ဦးက ဆရာဝန်မို့လို့ပါ တစ်ခုခုဖြစ်
သွားမှာ စိုးလို့ အဆင်သင့်အောင်
လာခေါ်ခိုင်းတာ "

"နောက်မဆို ကျွန်တော့်ဆိုင်ကယ်နဲ့ပဲ
ကျန့် ကို ခါးမှာ ကြိုးချည်ပြီး ခေါ်သွားတယ် "

အနေအေးလွန်းပြီး တော်ရုံ ဘာမှ
မပြောတဲ့ကျိယန်တောင် ရိပေါ်ကြောင့် မျက်ဖြူ လန်ချင်နေပြီဖြစ်တယ်။

"ဒီ မေ့ဆေးလောက်နဲ့ မသေဘူးရိပေါ်
အဲ့တာ ဆေးရုံမှာ သုံးနေကျ "

ထိုအခါမှာတော့ ရိပေါ်ဟာခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ရှာသည်။
အဲ့တာကလည်း ခဏ ပါဘဲ နောက်
ငါးမိနစ်လောက်နေရင် ထပ်မေးမှာ
ကျိယန် တု့က သိပြီသား။

လိုရာခရီးရောက်တော့ မွန်းတည့်ချိန်တောင်ရောက်နေပြီ ဖြစ်တယ်။
တစ်လမ်းလုံး နိုးမလာတဲ့ရှောင်းကျန့်
ကို ပွေ့ထားရတော့ ရိပေါ်မှာ ခြေထောက်တွေတောင် ကျင်နေလေပြီ။
ကြိုရောက်နေပြီ ဖြစ်တဲ့ ဟောက်ရွှမ်း
တို့မှာ ရှောင်းကျန့်ကို ပွေ့ကာ အိမ်ထဲ
သယ်ပေးမည်လုပ်တော့ ရိပေါ်က
လက်မခံ...။ မဟုတ်တဲ့ နေရာမှာ
ကပ်စေးနဲပြနေတဲ့ ရိပေါ်ကို ယွီပင်း
ကိုင်ဆောင့်ချင်စိတ် တဖွားဖွားကို
မြိုသိပ်ထားရသည် ။
မတော်လို့သူ့လူကြီး နိုးလာမှဖြင့်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now