ရှောင်းကျန့် မှာ ရိပေါ်သူ့ကိုပိုးထားရ
ကြောင့် ညောင်းနေမည်စိုး၍အောက်ချခိုင်းလိုက်တော့အနောက်မှ ပါလာတဲ့
လူတွေဆီမှ ဆိုက်ကယ်သော့တောင်း
နေတဲ့ ရိပေါ်ကြောင့် အကြပ်ရိုက်သွားသည်။ မိုးချုပ်နေပြီဖြစ်၍ အပြင်ထပ်
မသွားစေချင် သော်လည်းဆူပုတ်နေတဲ့ကောင်လေးမှာ အိမ်ပြန်မည့်အရိပ်
ယောင် တစ်စက်မှမတွေ့ပေ။ရိပေါ် က သော့လှမ်းပေးတဲ့လူဆီမှ
သော့ကို ယူရင်း သူ့ ကျန့်ရဲ့ ဖိနပ်တစ်
ဖက်ကို ကိုင်ထားတာတွေ့တော့ယူလိုက်တယ်။ ငြိမ်ကုတ်ပြီး တစ်ခုခုစဉ်းစား
နေဟန်ရှိတဲ့ ရှောင်းကျန့် အရှေ့ ထိုင်
ချသည်။ ဖိနပ်ဝတ်မထားဘဲ ကုတ်ထား
တဲ့ခြေထောက်တစ်ဖက်အား ယူလိုက်တော့ အတင်းပြန်ရုတ် နေတာကြောင့်
' ငြိမ်ငြိမ်နေ ' ဟုဆိုကာပြန်ဆွဲယူပြီး
ခြေဖဝါးမှာကပ်နေတဲ့ ဖုန်မှုန့်တွေကို
လက်ဖြင့်သပ်ချလိုက်တယ် ။
ခြေချောင်းသွယ်သွယ်လေးတွေရဲ့
ထိပ်မှာ ကလပ်ထဲတွင် တစ်ယောက်
ယောက်နဲ့ခိုက်မိခဲ့ပုံပင်။ နီလို့နေ၏။ခြေထိပ်ချောင်းထိပ်လေးတွေမှာ
တောင်မြတ်နိုးခြင်းတို့စုပုံနေပါတယ်
ကျန့်ရယ်။အခုတော့ ကျွန်တော့်ကြောင့် နာကျင်ရပြီ။ အနာသက်သာလိုစိတ်
ဖြင့် လက်ထိပ်လေးနဲ့ ဖွဖွပွတ်ပေးနေမိသည်။မနေတတ်တဲ့ ကျန့်ကတော့ ခြေထောက်လေးကို အတင်းကုတ်
ထားလေသည် ။
ဖိနပ် စီးပေးပြီး လှည့်ထွက်သွားစဉ်
လက်ကို အဆွဲခံလိုက်ရတာကြောင့်
ပြန်လှည့်ကြည့်လိုက်တော့...
သူ ကျရှုံးရာ အပြုံတို့ကို ကျန့်က
ပိုင်နိုင်စွာပြုံးထားပြီး..."ကျန့်လဲ လိုက်ပါရစေ "ဟု ခပ်တိုးတိုး
တောင်းဆိုလာသည်။ရိပေါ် သူ့ဆံပင်တွေကိုသူ လက်ဖြင့်
ထိုးဖွရင်း လေပူတစ်ချို့မှုတ်ထုတ်ကာ
ဆိုင်ကယ်အနားသို့ လျှောက်သွား၏။ရှောင်းကျန့်ကတော့ သူ့ကိုမခေါ်ဘဲ
ထားခဲ့တဲ့ ရိပေါ်ကြောင့် ရစ်ဝဲလာတဲ့ မျက်ရည်တစ်ချို့ကို ခေါင်းငုံ့ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သိမ်းဆည်းနေစဉ် သူ့မေးကိုဆွဲမော့လို့
helmet စောင်းပေးလာတဲ့ ရိပေါ်
ကြောင့် ကြောင်အ သွားမိသည်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳