ရိပေါ် အား နှုတ်ဆက်ပြီးထွက်လာ
တဲ့ရှောင်းကျန့်ကို မြင်တော့ ကျိုးချန်
တို့မှာ တအံ့တသြကြည့်လိုက်စဉ်
နဖူးမှစီးကျနေတဲ့သွေးများကိုမြင်ပြီး
လန့်သွားကြသည်။"ဟျောင့် ခေါင်းမှာလည်း သွေးတွေနဲ့
ဘယ်လိုဖြစ်တာလဲ လာဆေးခန်း
သွားမယ် မင်းက အမြဲစိတ်ပူအောင်
လုပ်တယ်"ကျိုးချန်ရဲ့ စကားကို ဟောက်ရွှမ်း
ကပါထောက် ခံပြီး ရှောင်းကျန့်၏
လက်ကို သူတို့နှစ်ယာက်တစ်ယောက်တစ်ဖက်ဆီဆွဲကာအပြင်ဘက်သို့
ခေါ်ထုတ်သွားသည်။ ကျိယန်ကတော့ တိုက်ပျက်ရဲ့ ဘေးဘီကိုဝေ့ဝိုက်
ကြည့်ကာ အနောက်မှ လိုက်လာ
လေသည် ။ရှောင်းကျန့် မှာသူအားဆွဲထားတဲ့
လက်တွေကိုဖြုတ်ချသည်။"ငါဘာမှမဖြစ်ဘူး မတော်တဆ
ဖြစ်သွားတာ ပါးပါးလေးပါကွာ
မင်းတို့ကို ငါပြောစရာရှိတယ်
ငါအရင်က အတိတ်မေ့နေတာ
အခု သတိရသွားပြီ""မင်းဘယ်လို"
ကျိုးချန်ရဲ့အံ့သြစွာပြောသံကို
ဟောက်ရွှမ်းကြားမှဖြတ်ပြောလိုက်
သည်။"အလကား အပိုတွေလာမပြောနဲ့
မနောက်နဲ့ပြန်ကြရအောင် "ကျိုးချန်လည်း အခြေနေကိုသဘောပေါက်ကာ ဟောက်ရွှမ်း
စကားအတိုင်းလိုက်ပြောလေသည်။"အေ... အေ့လေ နောက်နေတာကိုများ"
"ငါမနောက်ပါဘူး အခုငါ့မားဆိုတာ
ငါ့ရဲ့အိမ်တော်ထိန်း ကွ ငါက
ရှောင်သခင်ကြီးရှောင်စန်းပိုင်ရဲ့သား ရှောင်ရှောင်းကျန့် တဲ့မှတ်ထားလိုက်
ကြစမ်း"ရှောင်းကျန့် မှာ သူ့ကိုမယုံသင်္ကာ
ဖြစ်နေသည့်သူ့ သူငယ်ချင်းများ
ဆူအောင့်မိသည်။"မင်းတို့မယုံဘူးမှတ်လား ငါသက်
သေပြမယ် အိမ်ကို အမြန်ပြန်မယ်
လာကြ"ကျိယန်ကတော့ ကားမောင်းရင်း
ရှောင်းကျန့် နဖူးမှသွေးများကြောင့် ပတ်တီးစည်းရန်ပြောလိုက်သည် ။"ဆေးခန်းမှာ ပတ်တီး ဝင်စည်း
ရအောင် အန်တီ က သွေးတွေမြင်ရင်
စိုးရိမ်နေလိမ့်မယ်"
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳