Part...46

1.9K 166 10
                                    

ပန်းမှဆူးတွေဖယ်နေသည့် ရိပေါ်၏ စကားကြောင့် ယွီပင်း မေးမိသည့်
သူ့ကိုယ်သူသာဖြတ်ရိုက်ချင်တော့သည်။
ပန်းစည်းလည်းမဟုတ် တစ်ပွင့်တည်းသော နှင်းဆီကြောင့် ဒီထိလိုက်ပို့ခိုင်း
ရလား ဟု တွေးမိကာ ထုတ်မေးလိုက်
သည်။

"မင်း ဒီပန်းတစ်ပွင့်တည်းယူမှာလား"

"အေ့လေ...တစ်ပွင့်တည်းပဲယူမှာ
ဒီ ပန်းတစ်ပွင့်တည်းမှာတင် အဓိပ္ပါယ်
တွေ အများကြီးရှိတယ် "

ဆူးကင်းမဲ့သွားတဲ့နှင်းဆီအား ဖင်တစ်
ပြန်.ခေါင်းတစ်ပြန်ကြည့်ရင်း ခပ်ဖွဖွ
တစ်ချက်နမ်းသည်။

"ဒီတစ်ပွင့်တည်းသော ပန်းလေးက
ရိုးရှင်းတယ်လို့ မင်းမြင်တယ်မို့လား
အဲ့ဒီလိုပဲ ငါကလည်း ကျန့်ကို ရိုးရှင်း
စွာပဲချစ်တယ် ပြီးတော့ တစ်ပွင့်တည်းသောနှင်းဆီအနီက...'မင်းကိုချစ်တယ်'
ဆိုတဲ့အဓိပ္ပါယ် သက်ရောက်တယ်။
ငါက ကျန့်ကို ချစ်တယ်လို့ ပါးစပ်က
ချည်းပြောနေတာ အားမရလို့ ပန်းလေး
နဲ့ပါ ထပ်ပြောမှာ"

သူ့စကားကြောင့် မျက်ဖြူ စိုက်သလို
လုပ်ပြနေတဲ့ ယွီပင်းကို ကျန်သေးတယ်
ဆက်နားထောင်လိုက်စမ်း ဆိုသည့် သဘောဖြင့် မျက်ခုံးတစ်ဖက်ပင့်ပြ
လိုက်တယ်။

"အခုငါ့ပန်းက နှင်းဆီဖူးလေး။
အဲ့ဒီအဓိပ္ပါယ်က ကျန့်နဲ့ တိုက်ရိုက် သက်ဆိုင်မှု ရှိတယ်။ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်း...အပြစ်ကင်းစင်ခြင်းတဲ့ ဘယ်လိုတောင် ငါ့ ကျန့် နဲ့သက်ဆိုင်
နေလည်း သိပြီလား "

မျက်စောင်းထိုးပြီး ထွက်သွားတဲ့
ယွီပင်းကြောင့် ရိပေါ် တစ်ဟားဟား
နှင့် အော်ရယ်ရင်း အနောက်မှလိုက်
သွားသည်။ ပြန်ခါနီး ပန်းဖိုးပိုက်ဆံ
မယူတဲ့ အဖွားမှာ လူလေးရဲ့ ချောမော
မှုနဲ့တင် ချေလိုက်ပါပြီတဲ့လေ။ ကျေးဇူးတင်ကြောင်း အခါခါ
ပြောမိတော့ ပန်းလေးရဲ့ ပိုင်ရှင်နဲ့သာ
နောက်တစ်ခါ အတူလာခဲ့ပါအုံး ဟု
ဖိတ်ခေါ်ပြန်တယ်။

"ဟုတ် ခေါ်ခဲ့ပါ့မယ် ကျွန်တော့်လူကြီး
ကိုလည်း ဖွားရဲ့ ပန်းခင်လေး ပြချင်ပါရဲ့ "

လူကြီး ဟု ဖွားဖွား အား ပန်းပိုင်ရှင်က
မိန်းကလေး မဟုတ်ကြောင်း အသိပေး
မိတော့ ပြုံးရင်းသာ ခေါင်းငြိမ့်ပြနေတဲ့
ဖွားဖွား ရဲ့ ပါးရေတွန့်နေတဲ့ ပါးလေး
အား ရိပေါ် မနေနိုင်စွာ ဆွဲမိသည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now