အိမ်ပြန်ရောက်သော်လည်း သူ့ကို
စကားတစ်ခွန်းတလေတောင် မဆို
လာဘဲ အပေါ်ထပ်သို့တက်သွားတဲ့
ရှောင်းကျန့် ရဲ့ လက်ကို ရိပေါ်လှမ်းဆွဲလိုက်တော့အံ့သြစွာဖြင့် သူ့ကိုကြည့်
လာတဲ့ မျက်ဝန်းတစ်စုံကြောင့်
ဆောင့်တက်သွားသလားမှတ်ရတဲ့
သူ့ရင်ဘတ်လေးဟာ ကျန့် နဲ့ပတ်သတ်
ရင် ထိုမျှလောက်အထိမခံပါ။
ဆွဲထားမိရာလက်လေးကိုရုတ်တရက်
လွှတ်လိုက်သော်လည်း သူဆွဲခဲ့သည့်
အတိုင်းလေပေါ်မှာ ရပ်နေတဲ့ လက်ကလေး။ရိပေါ် ထို လက်ခုံလေးအား လက်ညိုး
ဖြင့် တို့ထိရင်း နေရာတကျပြန်ရှိစေ
လိုက်တော့ သူကိုကြည့်နေရမှ ခဏ
လေးမှ တကယ်ကို ခဏလေး အလို
မကျသည့် ပုံစံဖြင့်နှုတ်ခမ်းလေး
ဆူထော်သွားတဲ့ ရှောင်းကျန့်ကို
မြင်ဖြစ်အောင် မြင်လိုက်ရသည်။သူ့စိတ်ထဲတွင် အကြိမ်ကြိမ်မေးနေ
သည့်မေးခွန်းလေးကတော့...ကျွန်တော့် ရဲ့ လူကြီးကလေ ကလေး
တစ်ယောက်လို နှုတ်ခမ်းဆူပြီး စိတ်ကောက်တတ်တယ်တဲ့လား ဟူ
သည်ပင်။ရိပေါ်မှာ သူ့ကျန့်ရဲ့ နှုတ်ခမ်းအနား
ပတ်ဝန်းကျင် နဲ့ မှဲ့နက်လေးကို
ငေးကြည့်နေကျပေမယ့် ကျန့်ရဲ့
နှုတ်ခမ်းတစ်စုံ ကိုတော့ သူစေ့စေ့
မကြည့်ရဲခဲ့ပါ။ ဒီနေ့တော့ သူကြည့်မိ
သွားပြီ ထိုမျှလောက် ရူးသွပ်ဖွယ်
ကောင်းရသလား။
ငေးကြည့်ရင်းနဲ့တောင်ချွေးထွက်လို့
ရင်ဘတ်မှာကပ်နေတဲ့ ကျောင်းဝတ်စုံအဖြူလေးကတောင် သူ့နှလုံးသား၏ အပူရှိန်ကြောင့်ခြောက်သွေ့ သွားနိုင်
ပါသည်။ဒါဆို ဒီနှုတ်ခမ်းတွေနဲ့သာ ထိခွင့်
ရရင်ရော။ထိုအတွေး ပြီးဆုံးသည်နှင့်စက္ကန့်ပိုင်း
တောင်မခြားလိုက် ရိပေါ်ဟာ ဖြောင်း
ခနဲ မြည်အောင် သူ့ပါးဖြူဖြူဥဥလေး
ပေါ် သူ့လက်ဖြင့်သူ ရိုက်ချလိုက်တယ် ။ပြစ်မှားချင်အုံး မင်းလိုကောင်က
အဲ့တာနဲ့ပဲတန်တယ်။ရှောင်းကျန့် ကတော့ ဘာစကားမှမဆို
ချင်တာကြောင့် ရိပေါ်အား လျစ်လျူ
ရှုပြီး အပေါ်ထပ်သို့ တက်သွားစဉ်
သူ့လက်လေးကို လှမ်းဆွဲလိုက်တဲ့
ကောင်လေးကြောင့် အံ့သြ စွာ လှည့်
ကြည့်မိတော့ ချက်ချင်းဆိုသလို
ပြန်လွှတ်ချခြင်းခံလိုက်ရတယ်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳