"ကျန့်...ဘာဖြစ်တာလဲ " ဆိုသည့်
တဆာဆာမေးနေသံကို လျစ်လျူရှုပြီး
ရိပေါ်ကိုသာကားထဲဝင်စေလိုက်သည်။"ငါမင်းကိုဘာပြောထားလဲ မင်းဇယား
မင်းရှင်းလို့မပြောထားဘူးလား""ကျန့်ဘာပြောတာလဲ ကျွန်တော်
နားမလည်ဘူး""ယွဲ့ရင် ဆိုတဲ့တစ်ယောက်မင်းကျောင်း
ရှေ့မှာလေ ကြည့်ရတာလာကြိုတာ
နေမှာပေါ့"ရိပေါ်တကယ်မတွေ့မိတာကြောင့်
မသိကြောင်းထပ်ပြောမိသည်။"ကျန့် ဘာတွေပြောနေတာလဲ
အဲ့ဒီ ယွဲ့ရင်ကို ကျွန်တော်ရှင်းပြီပြီ
အခုလည်းသူလာတာတောင် ကျွန်တော်
မသိဘူး""မသိဘူး ငါမသိဘူး သူရှိနေတာ
ငါတွေ့တယ် ""မဟုတ်လောက်ပါဘူး ကျန့်ရာ "
မေးကြောတွေပါထောင်ပြီး ကားမှ
တဆင့်ကျောင်းဝင်းထဲသို့ ကျီးကန်းတောင်းမှောက်ကြည့်နေတဲ့ ကျန့်ကြောင့်
ရိပေါ်လည်းဆက်ပြောရင် သူ့ကျန့်နဲ့
သူ အချင်းများနိုင်တာကြောင့်
ဆက်မပြောတော့ဘဲငြိမ်နေလိုက်တယ်။အိမ်ပြန်လမ်းတစ်လျောက်တွင်လည်း
ဘာစကားမှမဆိုဘဲ တောက်ခေါက်ရင်း
သာ သူ့ဘေးတွင်ရှိနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် နေရခက်သလို
စိတ်မကောင်းလည်းဖြစ်မိ၏"ကျန့် company ပြန်သွားအုံးမှာလား "
ခြံရှေ့မှာသာ ကားရပ်ပေးပြီး ဆင်း
မလာသေးတဲ့ ရှောင်းကျန့်ကို မေးလိုက်
ရာ သူ့အမေးကိုမဖြေဘဲ အတွေးတစ်ခု
ထဲ ရောက်ယှက်ခတ်နေပုံ ရှိနေတာ
ကြောင့် ရိပေါ် သက်ပြင်းချရင်းခြံထဲ
ကို တစ်ယောက်တည်း ဝင်လာခဲ့သည်။ရှောင်းကျန့်တစ်ယောက် သူ့စိတ်ကို
နှောက်ယှက်နေတဲ့ ယွဲ့ရင်ကြောင့်
ရိပေါ်ကို မဆုံးရှုံးဖို့ နည်းလမ်းရှာရင်း
ကားပေါ်ကဆင်းသွားတဲ့ ရိပေါ်ကို
တောင် သတိမထားမိလိုက်ပါ။
မြည်လာတဲ့ဖုန်းသံကြောင့်သတိဝင်
လာပြီး သူ့ဘေးမှ သူ့ကလေးရဲ့
အသက်ရှုသံလေးကို မခံစားမိတော့
တာကြောင့်ပတ်ပတ်လည်ကိုကြည့်မိသည်။"ဟမ်...Baby လေး baby လေး
ဘယ်ရောက်သွားတာလဲ "ခြံထဲကိုတရွေ့ရွေ့ဝင်သွားတဲ့ နောက်ကျောလေးကို တွေ့တော့
ကားပေါ်မှပြေးဆင်းလိုက်တယ် ။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳