ညအချိန်ကအတော်ပင်နက်နေပြီ
ဖြစ်သော်လည်း ရိပေါ်ကတော့ အိပ်မ
ပျော်နိုင်ဘေးမှာ ကိုယ်စီ အိပ်နေကြတဲ့
ယွီပင်းနဲ့ဖန်ရှင်း ကိုကြည့်ရင်း သူလည်း
နှစ်ကြိုက်စွာ အိပ်ပျော်ချင်မိသည်။
နဖူးပေါ်လက်တင်ရင်း သက်ပြင်းရှည်
တစ်ခုချလိုက်ပြီး သူ့အတွေးများဟာ
ကျန့် ဆီကိုသာ ဦးတည်နေပြန်တယ်။ မျက်နှာကျက်မှာပေါ်နေတဲ့ ပြုံးရယ်
နေတဲ့ ကျန့်မျက်နှာလေးကို မထိတွေ့
နိုင်မှန်းသိသော်လည်းလက်လှမ်း
မိသည်။ကျန့် ဆီကထွက်လာပြီးတည်းက
မျက်လုံးဖွင့်လျက် အိပ်တတ်နေပြီ။ မျက်လုံးပိတ်ထားရင်လည်း ကျန့်
မျက်လုံးဖွင့်ထားရင်လည်း ကျန့်ကိုပဲ
မြင်နေတယ်။ ဒါပေမယ့် မျက်လုံးမှိတ်လိုက်ရင် ကျန့် ကိုမြင်ရပေမယ့်
ခဏကြာတော့ အိမ်မက်ဆိုတဲ့အရာကြောင့် ပျောက်ကွယ်သွားတယ်။
အိမ်မက်ထဲမှာ တွေ့ပြန်တော့လည်း
ခဏတာပဲ ဖြစ်နေတယ်။
အဲ့တာကြောင့် မျက်လုံးဖွင့်အိပ်တတ်
အောင် လေ့ကျင့်နေရတယ်။
ကျန့် ကို အကြာကြီးမြင်နိုင်ဖို့။ရိပေါ်ရဲ့အတွေးတို့ဟာ သူ့ပခုံးကို
လာပုတ်တဲ့ ယွီပင်းကြောင့် ခေတ္တမျှ
ရပ်သွားသည်။ အိပ်မပျော်ဘူးလား
မေးနေတာကြောင့် ခေါင်းသာ ငြိမ့်ပြ
လိုက်ရတယ် ။"ဗိုက်ဆာလား ရိပေါ် "
ခေါင်းခါပြပြန်တာကြောင့် ယွီပင်းထ
ထိုင်လိုက်ပြီး..."မင်း ကြာရင်ကျန်းမာရေးထိခိုက်
လိမ့်မယ် မနေ့ကလည်း မအိပ်ဘူးဆို
မင်း ထိခိုက်ရင် အခံစားရဆုံးက
မင်းကျန့် ဆိုတာ မမေ့သေးဘူးမို့လား""ဒါဆိုငါ့ခံစားချက်တွေက အရေး
မပါဘူးပေါ့""ငါပြောချင်တာ အဲ့လိုအဓိပ္ပါယ်
မဟုတ်မှန်း မင်း သိပါတယ် ရိပေါ် "ရိပေါ် နဖူးပေါ်တင်ထားတဲ့လက်ကို
အောက်အနည်းလျော့ပြီး သူ့မျက်လုံး
တွေကို ဖုံးအုပ်လိုက်သည်။"ငါဒီလို ဖြစ်နေတာကရော ဘယ်သူကြောင့် မို့လို့လဲ ငါ လွမ်းလွန်းလို့
သေတော့မယ် ဆိုတာရော မင်းသိလား
ဒါပေမယ့်လည်း ငါ ပြန်မသွားနိုင်သေး
ဘူး ဖြစ်နေတယ် "
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳