အချစ်တွေဘယ်လောက်ပဲ ပေးပေး
ဆာလောင်မြဲရင်း ဆောင်လောင်နေ
သည့် မြေရိုင်းပင်လေးနဲ့တူသော
သူရဲ့ရိပေါ်ကို ရှောင်းကျန့် ကိုယ်တိုင်
မှာလည်း ဘယ်လို အချစ်မျိုးနဲ့ပဲ
ချစ်ချစ် ချစ်မဝဖြစ်နေခဲ့တာပါပဲ။ရှောင်းကျန့် မှာသူ့ရှေ့တွင် ဖုန်းတစ်
လုံးနဲ့လုပ်ရှုပ်နေတဲ့ ရိပေါ်ကို လပ်တော့
ကြီး ဘေးချပြီးထိုင်ကြည့်နေသည်မှာ အချိန်ပင်အတော်ကြာနေပြီ ဖြစ်သော်လည်း ထိုကောင်လေးကတော့သတိထားမိဟန်မရှိ။ ဖုန်းကိုသာ
အာရုံအပျက်ကြည့်နေလေသည်။အရင်စိတ်နဲ့သာဆို ဘာကိုများ
အရေးတယူကြည့်နေလဲ သိချင်စိတ်ကြောင့် ဖုန်းကိုဆွဲလုမိမှာ မှန်ပေမယ့်
အခုတော့မလုပ်ဖြစ်ပါ ။
သူ လုပ်ရပ်လေးတစ်ခုကြောင့်ရှေ့က
ကောင်လေး ငြိုငြင်သွားမှာကို
နည်းနည်းမှ မလိုလားပေ။
လူငယ်သဘာဝ လွပ်လပ်ခွင့်လေး
တော့ ရှိပါစေလေ။သူ့ဆီကနေ ရိပေါ် နောက်တစ်ကြိမ်
ပျောက်ကွယ်စေမယ့် လုပ်ရက်တွေကိုရှောင်းကျန့် တစ်ယောက် မလုပ်မိ
အောင် ကြိုးစားနေရှာ၏။သို့သော် သူ့လုပ်ရပ်တွေကို ရှေ့က
ရိပေါ်မှာတော့ အားမလိုအားမရ
ဖြစ်နေလေသည်။ အရင်က သူ့ကျန့်ရဲ့
ပုံစံလေးကို ပြန်လိုချင်နေသည်။သူ ဘာလုပ်လုပ် ပေါ်တင်မကြည့်ရင်
တောင် ချောင်းကြည့်တတ်တဲ့
သိပ် သဝန်တို တတ်တဲ့ လူကြီးကို
ပြန်လိုချင်တယ်။ရိပေါ် ဖုန်းကိုဆက်ကြည့်ချင်စိတ်တို့
မရှိတော့တာကြောင့် ယွီပင်း နဲ့ပြော
လက်စစကားကိုရပ်လိုက်ပြီး ရှောင်း
ကျန့် ကို မျက်လုံးလေးသာလှန်ကြည့် လိုက်တယ်။
ပြုံးပြီး ကြည့်နေတဲ့ လူကြီးရဲ့ဘေးနား
သို့ ပြောင်းထိုင်ရင်း လက်လေးကို ဆုပ်ကိုင်လိုက်တော့ ပြန်လည် အုပ်မိုး
လာတဲ့ လက်ဖမိုးလေးအား ဖိကပ်
နမ်းလိုက်ပြီး ခါးလေးကိုလည်း
လက်နှစ်ဖက်ဖြင့်တင်းကြပ်နေအောင်
ဖက်ထားလိုက်တယ်။ရှောင်းကျန့် ရဲ့ အင်္ကျီပခုံးလေးကို
အနည်းငယ် ဆွဲချလိုက်တော့ over
size တီရှပ်ဖြစ်နေသည့် အတွက်အလွယ်တကူလျောကျလာသဖြင့်
ရိပေါ်မှာကျော့ရှင်းစွာပေါ်လာသည့်လည်တိုင်တွင်မျက်နှာအပ်ထားရင်း မျက်လုံးစုံမှိတ်ထားမိသည်။
ရေမချိုးရသေးသည်ကြောင့်
မည်သည့်အမွှေးရနံမှ ရှိမနေ သည့် အတွက်သူ့ ကျန့် ရဲ့ မူပိုင် ကိုယ်သင်း
လေးကိုအတိုင်းသား ခံစားနေရသည်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳