ရှောင်းကျန့် ရှိရာအခန်းထဲသို့
ဟောက်ရွှမ်းတို့ဝင်လာတော့ နိုးနှင့်နေ
ပုံရတဲ့ရှောင်းကျန့် ဟာ ကုတင်ထက်
ထိုင်လို့ ပြတင်းပေါက်မှတဆင့်အပြင်
သို့ငေးနေလေသည်။"ဟျောင့် ကျန့်ကျန့် နိုးနေပြီလား"
နောက်ပါးမှဟောက်ရွှမ်း၏အသံကြား
မှ ရှောင်းကျန့်က လှည့်ကြည့်လို့
လာသည်။"မင်း ငိုထားတာလား မျက်ခွံတွေ
မို့နေတယ်""အကို ကျိယန်က ငါ့ကို ငိုလိုက်တဲ့
အဲ့တာကြောင့် ငါအဝကြီး ငိုလိုက်တာ...ဒါပေမဲ့ငါလေ တွေ့ဆုံခဲ့ပြီးမှ
တကယ်လို့ နောင်တစ်ကြိမ် တွေ့ခွင့်
မရတော့ဘူးဆိုရင် ရိပေါ်ကိုသွားခွင့်
မပေးခဲ့သင့်ဘူး ငါမသိလိုက်ခင်မှာ
ခံစားမိသွားတယ် ငါက သူ့ကိုရုန်းထွက်
ခွင့်မပေးနိုင်တဲ့ အချစ်နဲ့ ချစ်သွားခဲ့
တာကို "ရှောင်းကျန့်၏စကားကိုကြားပြီး
ဟိုက်ခွမ်းက သက်ပြင်းတစ်ချက်
ရှိုက်ရင်းမှ..."မင်းပြောတာတွေ ငါနားမလည်ပေ
မယ့်ငါတစ်ခုတော့ ပြောပြမယ်
သူ့ကိုသွားခွင့်ပေးလိုက်တာ ကောင်း
မယ်ထင်တယ် သူလည်းလွှတ်မြောက်
ချင်မှာပေါ့ "ပြောနေတဲ့ဟိုက်ခွမ်းရဲ့ ကျောကုန်းကို
ဟောက်ရွှမ်းကလှမ်းထုသည်။"ဟျောင့် ဟိုက ဝိဉာည်မှမဟုတ်တာ
မင်းလင်ရဲ့ စိတ်ကူး...""ဟုတ်ပါတယ် မင်းပြောတာ အမှန်ပဲ
ထားပါတော့ ဒါပေမဲ့ အဲ့ဒီစိတ်ကူး
တွေကို ငါကသိပ်ကြိုက်တာ "ဟောက်ရွှမ်းစကားမဆုံးခင် စိတ်ကူး
ဖြစ်ခဲ့ရင်တောင်သူသိပ်ကိုနှစ်သက်ရကြောင်း ရှောင်းကျန့်ပြောလိုက်သည်။"ဒါပေမဲ့ မင်းမှာ ဘဝဆိုတာကြီးက
ရှိသေးတယ်လေ"ထိုအပြောကြောင့် ရှောင်းကျန့် မှာ
ခြောက်ကပ်စွာပဲ ခေါင်းမော့ရင်း
တဟားဟားအော်ရယ်လေသည်။"ဘဝ...ဟုတ်လား"
"ရှိတာပေါ့ ငါ့မှာဘဝဆိုတာရှိခဲ့ဖူးတာပေါ့...ရိပေါ်နဲ့တွေ့ဆုံခဲ့တဲ့ခဏတာလေ"
"မင်းဟာလေ ဘဝဆိုတာမသေမချင်း
ရှိနေမှာ ကြုံဆုံခဲ့သမျှကို ခဏတာ
ပျော်ရွှင်မှုလို့ သဘောထားလိုက်ပါ"
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳