Part...12

3.4K 313 20
                                    

ရှောင်းကျန့် အပြင်ထွက်သွားသည်
နှင့် လုံဖေ့ကကျိယန် တို့​အားဖုန်း
ဆက်လိုက်သည်။

"သားတို့ လာလို့ရပြီနော် ကျန့်ကျန့်
အပြင်သွားတယ် "

ခဏအကြာတွင်ရောက်လာတဲ့
ကျိယန်တို့အား လုံဖေ့ ဧည်ခံရင်း
ဆွေးနွေးဖို့ပြင်လိုက်တယ်။

"သား ကျိယန် အန်တီ မရှင်းတာ
လေးရှိလို့ ကျန့်ကျန့်လေးကငယ်ငယ်တည်းက အတိတ်မေ့သွားတာလေ
မိဘအရင်းကိုတောင် မမှတ်မိတာ
သူက ဒီကလေးကို ဘယ်လို မှတ်မိ
ပြီးဒီလို စွဲလန်းသွားရတာလဲ"

"သြော် အဲ့တာက ဒီလိုပါ အန်တီ
လူတစ်ယောက်မှာ အသိစိတ်ရယ် မသိစိတ်ရယ် ရှိကြတာ အန်တီတို့ရော ကျွန်တော်တို့ပါ သိကြတယ်လေ ။ အတိတ်မေ့တယ် ဆိုတာသူရဲ့ ယ
မကောင်းတဲ့ဖြစ်ရပ်တွေအကြောင်း
အမျိုးမျိုး တွေကို အသိစိတ်ရော
မသိစိတ်ကပါမမှတ်ချင်ရင် လုံးဝ
မေ့လိုက်ကြတာ ကျန့်ကျန့်ကအသိ
စိတ်ကပဲ မေ့လိုက်တာ"

"သူရဲ့မသိစိတ် က သူ့အပေါ်ကောင်း
တဲ့ ဖြစ်ရပ်တစ်ချို့ကို မှတ်ထား
လိုက်တာသူအတွက် ကောင်းတာ
လေးတွေစိတ်သက်သာစေမယ့်
အရာလေးတွေကို သူရဲ့ မသိစိတ်က
မှတ်ထားလို့ အသိစိတ်ကမေ့နေပေမယ့် မသိစိတ်ထဲမှာ အတိတ်ကိုမှတ်ယူ
ထားတယ် ။ အသိစိတ်ထက် မသိစိတ်
က အကြောင်းအရာတွေကို ပိုမို
မှတ်သားနိုင်တယ်"

"ပြောရမယ်ဆိုရင်အိမ်မက်လိုပေါ့
တစ်နေ့တာကို ကျွန်တော်တို့
ပြောလိုက်သည်ဖြစ်စေ ကြားလိုက်
သည်ဖြစ်စေ အသိစိတ်မှာတော့
မေ့တဲ့ဟာမေ့သွားတယ် မမေ့တဲ့ဟာ
ကျတော့ သတိရကြတယ်
မသိစိတ်ကကျတော့ ကျွန်တော်တို့
မသိလိုက်ခင် အကြောင်းအရာ
တစ်ချို့ကို မှတ်ထားပြီး အိမ်မက်ဖြစ်
သွားတယ် အဲ့လို သဘောပါအန်တီ "

"ဒါဆို သားလေးကို ဘယ်တော့လောက်
အဖြစ်မှန်ကို ပြောကြမှာလဲ"

"လောလို့မဖြစ်ဘူး အန်တီ ဖြေးဖြေး
နဲ့ မှန်မှန်ပဲ သွားလို့ရမှာ"

သူတို့စကားပြောနေကြစဥ်ဖုန်းဝင်
လာတော့ လုံဖေ့ က ထကိုင်လိုက်ပြီး
တစ်ဖက်ကအ​ပြောကြောင့် ထိပ်ပြာ
သွားပြီး အလောတကြီးဖြင့်...

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now