Part...4

4.8K 408 21
                                    

"ကောင်...ကောင်လေးတစ်ယောက်က
တခြားကောင်လေး ကိုခေါ်နေတယ်"

"ဘယ်လို..."

"မသိဘူး...သူတို့...အာ့"

"ဟုတ်ပြီ ဟုတ်ပြီ မတွေးနဲ့တော့
မျက်လုံးဖွင့်ကြည့်ပါအုံး ကျွန်တော့်
ကိုပဲ ကြည့် "

ရှောင်းကျန့်လည်း မျက်လုံးတွေ
ဖွင့်လိုက်ပြီး သူ့ရှေ့ကရိပေါ်ကိုသာ
ကြည့်နေလိုက်မှ တ​ဖြေးဖြေးစိတ်
သာရာရလာသည်။

"ဟူး စိတ်ပူအောင် အမြဲလုပ်တယ်
ကောရယ်"

"အင်းပါ နောက်မဖြစ်စေရဘူး"

"လာ လာ ကျွန်တော့်ကိုဖက်ထား
လိုက် စိတ်အေးသွားလိမ့်မယ် "

လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်း
ကာရင်ခွင်ကျယ်ကြီးကို သူ့စိတ်
ကြိုက်ပစ်ဝင်နိုင်ရန် ဖွင့်ပေးနေတဲ့
ကောင်လေးကြောင့် ရှောင်းကျန့်
ကလည်း လုံခြုံ မှုအပြည့်ဝပေးနိုင်ပြီး
အပူပင်တို့ ကင်းစင်စေရာ ရင်ခွင်ထဲ
သို့ ခိုဝင်ရင်း ထိုကောင်လေးရဲ့
နှလုံးသားရှိရာ ရပ်ဝန်းလေးတွင်
မျက်နှာအပ်ထား​လေသည်။

.
.

ရှောင်းကျန့် နဲ့အတူ ကျိုးချန်တို့
​နှစ်ယောက် ဆိုဖာပေါ်တွင်လှဲအိပ်ရင်း
ဂိမ်းဆော့နေကြစဉ် ရှောင်မား ပြောလာသည့်စကားကြောင့် သုံးယောက်သုံး ငုတ်တုတ်ထထိုင်မိသည်။

"သား အခန်းရှင်းတော့ ဒီပုံလေးတွေ
တွေ့လာတယ်...သားချစ်သူပုံလား "

ဝုန်းခနဲထကာ အတင်းလုကြည့်နေတဲ့
ကျိုးချန် နဲ့ဟောက်ရွှမ်း ကြောင့်
ရှောင်းကျန့်ကလည်း လိုက်လုနေ
လေသည် ။

ကျိုးချန် က ပုံထဲကကောင်းလေးကို
ကြည့်ရင်း တစ်ခုခုကိုသတိရသွား
ဟန်နှင့်ထပြောသည်။

"ဟျောင့် ဟို ကလပ်က ကောင်လေး
မို့လား ငါတို့ကို သူနဲ့လည်း
မိတ်မဆက်ပေးဘူး လူလည်းမခေါ်
လာဘူး မင်းက ဘာအထာလဲ"

ကျိုးချန်၏အပြောကို ဟောက်ရွှမ်း
က ခေါင်းတငြိမ့်ငြိမ်နဲ့ ထောက်ခံပြီး ရှောင်းကျန့်လက်ထဲပုံမရောက်သွား
အောင် လက်နောက်ပစ်လို့ဖွက်ထား
သည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Donde viven las historias. Descúbrelo ahora