Part...25

2.9K 246 13
                                    

ရိပေါ် ဆန်ပြုတ်ဝယ်ပြီးသည်နှင့်
သူ့ဆိုင်ကယ် အနားသို့ ခပ်သွက်သွက်
သွားလိုက်တယ်။ ကျန့်မလုပ်ပေးရင်
ဘာမှဂရုမစိုက်တဲ့သူက မနက်စာစီစဉ်
ရင်း ဆီပေါက်ထားတဲ့ အရေကြည်
ဖုလေးမှာ လက်အိတ်ဝတ်လိုက်တော့
ပေါက်ပြဲကာအရေခွံပါကွာသွားသည်။
စပ်သွားသည်ကြောင့် ကျန့်ကိုပြပြီး
မှုတ်ခိုင်းမည်ဟု တွေးရင်း အိမ်သို့
အမြန်မောင်းနှင်လေသည်။

အိမ်ထဲဝင်ဝင်ချင်း ဒေါက်ဖိနပ်တစ်ရံ
ကို တွေ့လိုက်တာကြောင့် ပြာယာ
ခတ်စွာဖြင့် အမြန်ဝင်သွားပြီး ကြည့်
လိုက်တော့ ဧည့်ခန်းထဲတွင် သူ့ကျန့်
အရှေ့ထိုင်နေသော မိန်းမတစ်ယောက့
မှာ ဆန်ပြုတ် ပန်းကန်ကို မှုတ်ပေး
နေဟန် ရှိတာကို တွေ့လိုက်ရသည် ။
ထိုမြင်ကွင်းကြောင့် လက်ထဲက
သူ့ဝယ်လာတဲ့အထုတ်လေးကို
ကျောအနောက်တွင် အလိုလိုဝှက်ထား
မိလျက်သားဖြစ်သွား၏။

ထိုမိန်းကလေးမှာ ရှောင်းကျန့်အားဆန်ပြုတ် ခွံပေးရန်လက်လှမ်းနေပြန်
တဲ့ မြင်ကွင်းကြောင့် မကြည့်ချင်
မမြင်ချင်လိုက်တာဟု ရင်အစုံမှာ အော်ဟစ်နေပေမယ့် ရပ်တန့်
နေတဲ့ ခြေလှမ်းများဟာ ရွေ့လျား
သွားခြင်း မရှိသလို မျက်လုံးတွေက
လည်း ဖယ်ခွ၍မရပေ။ လက်တကာ
ကာဖြင့် သူ့ဘာသာသူ စားလိုကြောင်း ပြောနေတဲ့ ရှောင်းကျန့် ကြောင့် သက်ပြင်းချပြီး ထိုနေရာမှ ရှောင်
ထွက်သွားမည်အလုပ် သူ့အား လှမ်း
ခေါ်လိုက်တဲ့ ရှောင်းကျန့်...

"baby လေး ပြန်လာပြီလား
လာပါအုံးဒီကိုဆရာက အပြစ်ပေး
သေးလား "

လှည့်လည်းမကြည့်ဖြစ်သလို
ခေါင်းသာခါပြလိုက်ပြီး မီးဖိုခန်းထဲ
ဝင်ကာလက်ထဲ ဆန်ပြုတ်ဗူးလေးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ လက်အိတ်ချွတ်လိုက်တော့ စပ်သွား
ပြန်တဲ့ အနာလေးကြောင့် ရိပေါ်
တောက်ခတ်မိသည်။

နာလိုက်စမ်း နာနေလိုက်စမ်းပါမင်းကို
ဘယ်သူမှဂရုစိုက်မစိုက်ဘူး။

ထိုအရေခွံလန်တဲ့နေရာလေးအား
ညှာတာမှုကင်းမဲ့စွာဖိချေလိုက်တယ်။

အနောက်မှဝင်လာတဲ့ ရှောင်းကျန့်မှာ
တော့ ရိပေါ် ရဲ့ဆံပင်တွေကို လှန်တင်
ကာ နဖူးကိုကြည့်လာတယ်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now