Part...29

2.8K 237 17
                                    

ရှောင်းကျန့် အိပ်ယာဝင်ခါနီးရိပေါ်
အား နွားနို့တိုက်ရန် ခွက်လေးကိုင်ကာ အခန်းထဲသို့ဝင်လာသည်။ ဒီကလေးကို ကျောင်းမသွားခိုင်းတာနှစ်ရက်ရှိပြီ
ဖြစ်သော်လည်း.ဘာကြောင့်လဲ ဟု
သူ့အားမေးခွန်းထုတ်လာခြင်းမရှိပါ။

ကောင်းတယ် ရိပေါ် မမေးလိုက်ပါနဲ့။
အဖြေကို ကျန့် မှာ ဖြေခွင့်မရှိဘူးလေ။
ကျောင်းသွားမယ်ဆိုပြီး ဟိုမိန်းမနဲ့
သွားတွေ့မှာစိုးလို့ ကျန့် ကိုညာပြီးသွား
မှာစိုးလို့ ဒါတွေကို ကျန့် မှာမှ ဖြေခွင့်
မရှိတာ။

ရိပေါ်မှာ အခန်းထဲဝင်လာတဲ့ ရှောင်း
ကျန့် ကြောင့်ရေးလက်စ စာအုပ်ကို
ပိတ်လိုက်ပြီး သူ့ကျန့်လက်ထဲကခွက်
လေးကို ယူကာတစ်ကျိုက်တည်း
မော့သောက်လိုက်တယ်။

ကုန်သွားကြောင်း ခွက်လေးကိုလှုပ်ပြ
လိုက်တော့ သူ့အား ကြည့်ပြီး ရယ်နေယတဲ့ ကျန့်ကြောင့်...

"ဘာရယ်တာလဲ ကျန့်ရာ"

"ဟားဟား...ကြောင်ဖြူလေးနဲ့တူလို့"

"ဟမ်..."

ရှောင်းကျန့် မှာသူ့အား ပြူးပြူးလေးကြည့်နေတဲ့ ကြောင်ဖြူ လေးရဲ့ နှုတ်
ခမ်းပေါ်မှာပေနေတဲ့ နွားနို့တွေကို
လက်မဖြင့်ဖိသုပ်ပေးလိုက်ပြီး
သူ့လက်မလေးအား ပြန်စုပ်ကာနို့၏
အရသာကိုခံစားလိုက်တော့ ပိုပြီး
တောင်စိမ့်နေသလို။

ထိုအမူအရာကို မြင်ပြီးထခုန်နေတဲ့
ရင်ဘတ်ထဲကအကောင်ကြောင့်
ရိပေါ်မှာ ကုတင်ပေါ်ပြေးတက်ကာ
စောင်ခေါင်းမြီးခြုံလိုက်လေသည်။
သူ့ရင်ဘတ်လေးကိုတောင် ဖိထားရတဲ့အဖြစ်။

မချစ်မိအောင် ရှေ့ဆက်တိုးတော့မယ့်
ငါ့ကို အမြဲပြန်လည့်ကြည့်အောင်
ကျန့် က လုပ်နေတယ်။

ရှောင်းကျန့် လည်းကုတင်ဘေးဝင်
ထိုင်ကာစောင်ပုံကြီးထဲက ကိုယ်လေး
ရဲ့ခါးကိုမသိမသာတိုးဖက်ထားလေ
သည်။

ရပ်တန့်နေတဲ့အချိန်တွေကို ပြန်လည်
လာစေတဲ့နာရီလေးက မင်းပါ ။ အထီးကျန်ပြီးအိပ်စက်နေတဲ့နှလုံးသားလေးကို နိုးထစေပြီး အဖော်ပြုပေးတဲ့
မင်းကိုရူးမတတ်ချစ်မိသွားပြီ။
ဒါဟာစွဲလမ်းခြင်းဆိုရင် ဒီထက်ပိုပြီး
စွဲလမ်းမိနေအုံးမှာပဲ။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now