လုံဖေ့ အပြင်မှပြန်ရောက်သည်နှင့်
အိမ်ထဲသို့ဝင်လာစဉ် ရှောင်းကျန့်
အား မတွေ့သောကြောင့်အသံပြု
လိုက်သည်။"ကျန့်ကျန့် ရေ သခင်လေးကြိုက်
တာတွေအန်တီ ဝယ်လာတယ်
ဒီကလေး ခေါ်တာလည်းမထူးဘူး
ဘယ်များရောက်နေတာလဲ "ရှောင်းကျန့် ရဲ့ အိပ်ခန်းထဲရှာသော်
လည်းမတွေ့တာကြောင့် အိမ်အနှံ
လိုက်ရှာရင်းမီးဖိုးခန်းဆီသို့ရောက်
လာ၏။မလှုပ်မယှက် ငုတ်တုတ်ထိုင်နေတဲ့
ရှောင်းကျန့် ကိုမြင်တော့ လုံဖေ့အနား
သွားလိုက်စဉ်လက်ကောက်ဝတ်တွင်
သွေးများ စီးကျကာလဲနေသော
ရှောင်သခင်မကြီးကြောင့်တုန်လှုပ်
သွားသည်။ မလှုပ်မယှက်ထိုင်နေ
သော ရှောင်းကျန့် အား ကောက်ချီ
လိုက်ပြီး မီးဖိုခန်းထဲမှပြေးထွက်ကာ
ဆရာဝန်သို့ လျှင်မြန်စွာဖုန်းဆက်
လိုက်သည် ။ အသက်မရှိတော့ဘူး
ဟု ဆိုသည့်စကားကြောင့်လုံဖေ့ မှာ
အခုချိန်ထိ မငိုသေးတဲ့ သူ့သခင်လေး အား ဖက်ကာငိုကြွေးမိသည်။ရှောင်းသခင်ကြီးဆီလည်းဖုန်းဆက်
ကာအသိပေးလိုက်သည်။"သ...သခင်ကြီး..."
"အသံကတုန်နေတယ်ဘာဖြစ်လို့လဲ
အိမ်တော်ထိန်း ကျွန်တော် စိတ်ပူလာပြီ"လုံဖေ့ သူ့အားဆုပ်ကိုင်ထားတဲ့
ရှောင်းကျန့်ရဲ့လက်လေးကိုတင်းကြပ်
စွာပြန်လည်ဆုပ်ကိုင်လိုက်ပြီး"သခင်မကြီး ဆုံးသွားပါပြီ
သူ့ကိုယ်သူ အဆုံးစီရင်သွားတာပါ"ထိုစဉ်အဆက်သွယ်ပြတ်သွားတဲ့
ဖုန်းလေးကြောင့် လုံဖေ့လည်း
စိတ်မကောင်းပါ။ရှောင်းစန်းပိုင်လည်း သူသိပ်ချစ်
ရတဲ့ သူ့အမျိုးသမီးဆုံးပြီ ဆိုတဲ့
သတင်းကို ကြားလိုက်ရသည်ကြောင့် ပြိုလဲသွားတဲ့သူ့စိတ်အားကျန်ရစ်သူ
သူ့သွေးသား ရှောင်းကျန့် ရဲ့ မျက်နှာ
ကို မြင်ယောင်ကာ အားတင်းပြီး
ရှေ့ဆက်ဖို့ ကြိုးစားလိုက်သည်။.
.ရှောင်းသခင်ကြီး မှာ သူတို့ခြံဘေး
သို့ပြောင်းလာသည့် သူ့ သူငယ်ချင်း
ဝမ်ယွီမင် အားရင်ဖွင့်နေမိသည်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳