Part...8

3.6K 343 16
                                    

ရိပေါ် မှာ သူကချည်းရှောင်းကျန့်ကို စကား လိုက်ပြောနေရတာကြာလာ
တော့ အရူးလေးနဲ့တူလာလေသည်။
ဒါလည်း မှတ်လားမေးလိုက်ပြော
လိုက်ကပ်လို့ ကောင်းတုန်းပင်။
နေ့လည် တွင် ထမင်းတူတူသွား
မစားဖြစ်လိုက်တာကြောင်းကျောင်း
ဆင်းသည်နှင့် ရှောင်းကျန့် ရှိရာသို့
​အပြေးသွားပြန်သည်။

"ကိုကို ကိုကို ခဏစောင့်လေ
တူတူပြန်ရမှာကို...ဟမ် ကိုကို့
မျက်နှာဘာဖြစ်တာလဲ နှုတ်ခမ်းမှာ
လည်း သွေးတွေနဲ့."

နှုတ်ခမ်းထောင့်လေးမှစီးကျနေတဲ့
သွေးတွေ က မှဲ့နက်လေးကိုတောင်
ဖုံးလို့ ရိပေါ်မေးနေရင်းပင်သူ့လက်
ချောင်းသေးသေးလေးတွေနဲ့
သုတ်ပေးလာသည်။ ရှောင်းကျန့်က
တော့.နာကျင်နေသည်ကြောင့်
မျက်လေးမဲ့ကျသွားလေသည်။
ထိုအချင်းအရာကြောင့် ရိပေါ်မှာ
စိတ်ပူနေသည့်ကြားမှ ဒေါသထောင်း
ခနဲထွက်လာတော့သည်။

"ဘယ်ကောင်လုပ်တာလဲ"

သူမေးလိုက်တော့ အနောက်မှကျောင်းသားတစ်ယောက်ဆီမှ
အသံထွက်လာသည် ။

"ငါလုပ်တာ ဘာဖြစ်ချင်လဲ ဟိုတစ်ခါတည်းက လူစွာလုပ်တဲ့
မင်းကို ပိုမကျေနပ်တာ ဒီကောင့်ကို
လုပ်တာ နည်းသေးတယ် မင်းကို
ပိုလုပ်မှာဟျောင့်တွေ နှစ်ယောက်လုံး
ကို ချုပ်လိုက်"

ကလေးဗိုလ်လုပ်ချင်နေတဲ့ကျောင်း
သားမှာ.သူ့အပေါင်းပါတွေကို
ရိပေါ်တို့အားချုပ်ခိုင်းလိုက်တယ် ။

"မင်းတို့ ကိုကို့ ​ကို မထိနဲ့နော် "

"ထိတော့ဘာဖြစ်ချင်လဲ "

"ကဲကွာ ထိချင်အုံး "

ရိပေါ် ထိုကျောင်းသားရဲ့မျက်နှာ
တည့်တည့်ကိုထိုးချလိုက်တယ်​။
သူ့လက်သီး သေးသေးလေးကြောင့်
မနာဘူးပြောရင်ညာတာဘဲ အားကုန်
ကို ထည့်ထားလိုက်ကြောင့် အထိ
နာသွားရသည် ။

ထိုကျောင်းသားကတော့ လွယ်အိတ်
ထဲမှပစ္စည်းတစ်ခုကို နှိုက်ကာ
နောက်ကျောင်းသားနှစ်ယောက်မှာ
ရိပေါ်အား ချုပ်လိုက်သည်။
ရိပေါ် အားကုန်ရုန်းရင်းမှ သူ့ရင်ဘတ်
ကို ဆွဲထားတာကြောင့် ကြယ်သီး
တွေပါ ပြုတ်ထွက်ကုန်သည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now