အချိုပိုထည့်သော အအေးခွက်ကို
ကြည့်ရင်း ရှောင်းကျန့် တောက်ပြင်း
ပြင်းတစ်ချက်ခတ်သည်။"ငါ မဟုတ်တဲ့တစ်ခြား လူတစ်
ယောက်ရဲ့ ရင်ခွင်မှာ ရှိနေတာကို
ကြည့်ရအောင် ငါက အဲ့လောက်ထိသဘောထားကြီးမယ့် စောက်ရူးမှ
မဟုတ်တာ"ခပ်ထေ့ထေ့ပြုံးလိုက်ပြီး သူ့အိတ်ထဲ
က အကြည်ရောင် ပုလင်းငယ်လေးကို ထုတ်လိုက်တယ်။ စီးကျလာတဲ့ သူ့ပါး
ပြင်ပေါ်ကမျက်ရည်တွေကို လက်ခုံဖြင့် ပုတ်ထုတ်လိုက်ပြီး..."ဘုရားသခင်ကိုပြောပြီး မိုးကောင်း
ကင်ကနေ မင်းကိုတောင်းယူလိုက်မယ်
ကမ္ဘာမြေပြင်ကနေမင်းကို လုယူလိုက်
မယ် ငါရဲ့ချစ်တဲ့စိတ်က မင်းကို
လောကကြီးကနေတောင် လုယူနိုင်
တယ် မင်းလက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ မင်းက
ငါ့အပိုင်ပဲ"အချိုကဲထားတဲ့ အအေးခွက်ကို
ကြည့်ကာ လှောင်ရယ်လိုက်ပြီး
လက်ထဲက ပုလင်းထဲမှအရည်ကြည်တစ်ဝက်နီးပါးကို ထည့်ကာမွှေလိုက်
ချိန်...သူ့နောက်ပါးမှအသံထွက်လာ
သည်။ ဘယ်အချိန်ကရောက်နေမှန်း
မသိတဲ့ ရိပေါ်မှာ သူ့အားလှမ်းထားလိုက်ခြင်းဖြစ်တယ်။"ရပ်လိုက်ပါ...ကျန့် "
ဘာလို့လဲ။ ဘာလို့လာတားနေတာလဲ
ရိပေါ်။ ဘာလဲ အခုပုလင်းထဲမှာ
ကျန်တဲ့ တစ်ဝက်က မင်းနဲ့ ငါ့အတွက်
ဖြစ်သွားစေချင်လို့လား။
အတွေးများစွာကြောင့် ပုလင်းကြည်
လေး ကိုင်ထားတဲ့လက်မှာတုန်ရီလို့
လာတယ်။နာကျင်မှု နဲ့ အချစ်ကြားမှာ ငါနှလုံး
သားလေးကကူကယ်ရာမဲ့သွားပြီလား။သူ့အနားလျှောက်လာနေတဲ့ ရိပေါ်
ကြောင့် ဘာမှမဖြစ်သလို တည်ငြိမ်
အောင်နေလိုက်ပြီး ရိပေါ်အား လှည့်
ကြည့်လိုက်တော့ ပြောလာသည့်
စကားမှာ..."ကျွန်တော်ကြောင့် ကျန့် ဘဝမှာ
အမည်းစက် အစွန်းမခံလိုက်ပါနဲ့"ပြောရင်း ခွက်ကိုယူကာ ဘေးစင်ထဲ
သို့သွန်ချလိုက်တယ် ။အမည်းစက်ဆိုတဲ့စကားကြောင့်
ရှောင်းကျန့် မှာ မျက်နှာလွဲလိုက်၏။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳