ရိပေါ် သူ့ကျန့်ရဲ့ကိုယ်လေးကို ရင်ခွင်
ထဲအပြည့်အဝထည့်ရင်း တင်းကြပ်
စွာဖက်ထားမိသည် ။ မည်မျှလွမ်းနေ
ခဲ့ရလည်း သူ့ကိုယ်သူသာအသိဆုံးပင်။ ရှောင်းကျန့် ကိုယ်တိုင်လည်း ထိုနည်း
တူစွာခံစားနေရ၍ သူတို့ နှစ်ယောက်
ကြား လေပင် တိုးဝှေ့ဖို့မလွယ်ကူ။
ညဥ့်နက်နေပြီကိုပင် သတိမမှုမိ
တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်မြဲ ကြည့်နေမိကြသည်။ချောင်ကျနေတဲ့ရှောင်းကျန့် ရဲ့မျက်
နှာလေးကြောင့် ရိပေါ် ရင်ထဲ
မကောင်းလှပေ။ တရားခံက ကိုယ်ကိုယ်တိုင် ဖြစ်နေတော့ခက်လှချေပြီ။ တောင်းပန်စကားဆိုရုံမျှသာ တက်နိုင်
တဲ့ သူက ကျန့်အတွက်ဘာများ
လုပ်ပေးနိုင်မည်လဲ။"baby လေးရယ်ကျန့်ဆီက ဘာလို့
ထွက်ပြေးတာလဲဟင် ဘာလို့လဲ
ဘာကြောင့်လဲ"မေးစေ့လေးကို လက်ဖြင့်တို့ထိရင်း
မေးလာတဲ့ ရှောင်းကျန့် ရဲ့ လက်ညိုး
လေးကိုယူကာ သူ့နှုတ်ခမ်းလေးမှာ
အနမ်းခြွေသည်။"ကျွန်တော့်ကိုယ်ကျွန်တော် အစားထိုး
တစ်ယောက်လို ခံစားမိလို့ပါ
ကျွန်တော် အခု နောင်တရနေပါပြီ ""အရူးလေးရယ် baby လေးက
အရူးလေးပဲ ဘယ်သူပြောလဲ အစား
ထိုးပြီး ချစ်တာပါလို့"ရိပေါ် က သူ့ကျန့်ဆီရောက်နေတဲ့
အကြည့်တို့ကို ဖယ်ခွာလိုက်ပြီးကုတင်ဘေးက မီးအိမ်အစိမ်းလေးကိုသာ အကြောင်းမဲ့ငေးနေမိ၏။"သူ...သူက ကျန့် ရဲ့ အချစ်ဦးလေ
အချစ်ဦးကိုမေ့ဖို့ဆိုတာ လူသားတိုင်းအတွက်ခက်ခဲတယ်မဟုတ်လား "ရိပေါ် ကျေနပ်လောက်မယ့်အဖြေ
ပေးဖို့ ရှောင်းကျန့် ကြာကြာမစဉ်းစားလိုက်ရ သူ့ ခံစားချက်အတိုင်း ဖွင့်ဟ
ပြောလိုက်သည်။"သူက ကျန့်ရဲ့ ရူးသွပ်ခြင်း baby
လေးကသာ ကျန့်ရဲ့ အချစ်ဦး ဟုတ်
ပြီလား အချစ်ဦး ဆိုတာကို လူတိုင်းက
ပထဆုံးတွဲဖူးတဲ့ လူလို့ထင်ကြတယ်
တကယ်တော့ အချစ်ဦးဆိုတာ
မင်းကြောင့် ကိုယ့်နှလုံးသားက ပထမ
ဆုံး ချစ်မိလာခြင်းကို ဆိုလိုတာ
ပထမဆုံးတွဲလိုက်တာတွေ ဒီတိုင်းတွဲ
မိ လိုက်ခြင်းတွေကို ကျန့်ကတော့
အချစ်ဦးလို့ မသတ်မှတ်ဘူး"
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳