church ကျောင်းအနှံပြေးလွှား ရှာ
ကြည့်သော်လည်း ရိပေါ်ကို မတွေ့
တော့တာကြောင့် ရှောင်းကျန့် မှာ
မာဖလာလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူ့ကားရှိသို့ပြေးထွက်
လာသည်။ ဦးတည်ရာမဲ့မောင်းလာရင်း
ရိပေါ်ကိုများတွေ့မလား ဆိုသည့်စိတ်
ဖြင့် လမ်းမထက်ကိုလည်း မျက်ခြေ
မပျက်လိုက်ကြည့်မိသည်။
ဘယ်ကိုသွားမှန်းမသိတဲ့ ကောင်လေး
အနောက် သူ ကိုယ်တိုင်လည်း မျှော်
လင့်ချက်သေးသေးလေးဖြင့် ဦးတည်
ရာမဲ့နေသော်လည်း လိုက်ရှာနေမိ၏။နာကျင်နေတဲ့ မျှော်လင့်ချက်က
မင်းဖြစ်နေတဲ့ အတွက် ငါ့ရဲ့နာကျင်
ခြင်းကမင်းဖြစ်နေတယ်။ မင်းမရှိဘဲ
တစ်စက္ကန့်တောင်မနေချင်လို မအေး
ချမ်းနိုင်ဘူး ဖြစ်နေတယ်။
ဝေးကွာခြင်းတွေက ဘာကြောင့်
ငါနဲ့မှခဏခဏ ဖြစ်နေရတာလဲ။သူ့ baby လေး အရွယ်ကောင်လေး
တွေကိုလိုက်ကြည့်ရတာ သူ့မှာအမော။
သို့သော် တစ်ယောက်မှ သူ့ကလေး
လေးလို creamy ရောင် ဆံပင်လေး
တွေရှိမနေ ယ။မွီးပွိုင့်မိသွားတာကြောင့် ရှောင်းကျန့်
တောက်ခေါက်မိတယ်။ ဒေါသကို
ဖြေဖျောက်ရန် စီယာတိုင်ကို ခပ်ပြင်း
ပြင်း ထုရိုက်ရင်းသူ့မျက်လုံးတို့ဟာ
အပြင်ဘက်သို့ ဝေ့ဝိုက်ကြည့်လိုက်စဉ်...တစ်ဖက် လမ်းမှ ဖြတ်မောင်း
သွားတဲ့ ကားအဖြူ လေးထဲ က
ရင်းနှီးပြီးသား ပုံရိပ်လေးကြောင့်
သူ့ နှုတ်ခမ်းတို့ဟာ ပွင့်အာသွားခဲ့
သည် ။အနောက်မှာ တီးလာသည့် ဟွန်းသံ
များကြောင့် ရှောင်းကျန့် သတိပြန်
ဝင်လာပြီး သူ့ကားကို လျှင်မြန်စွာ
တစ်ဖက်လမ်းကိုကွေ့ချလိုက်တယ်။ စည်းကမ်းမရှိစွာကွေ့လိုက်တဲ့ သူ့ကား
ကို ရှောင်လိုက်ရလို့အချင်းချင်း တိုက်
မိသွားတဲ့ ကားများကို သိသိသာသာ လျစ်လျူရှုရင်း ဖြတ်ခနဲသာ
မြင်လိုက်ရတဲ့ ကားအဖြူ လေးကို
မှီအောင်ကြိုးစားလိုက်သည်။အလိုက်မသိလွန်းတဲ့ မျက်ရည်များ
ဟာ ဟိုး အရင်ကအတိုင်းပင်...
ထိုကောင်လေးနဲ့ပတ်သတ်လာရင်
တာကျိုးသလို စီးဆင်းလာတော့သည်။ အမြင်အာရုံတွေ ဝေဝါးလာတာကြောင့် လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်ဖယ် ပစ်လိုက်သော်လည်း ရပ်တန့်သွား
ခြင်းမရှိခဲ့။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳