ရှောင်းကျန့် က ပြေးသွားတဲ့ကောင်
လေးကိုမျက်စိ တစ်ဆုံး လိုက်ကြည့်
ရင်းမှ ဟိုက်ခွမ်းအပြောကြောင့်ပြုံး
လိုက်မိသည်။"အလိုလိုက်တာမဟုတ်ဘူး ချစ်တာ
သူနည်းနည်းတော့ ဆိုးလာတယ် ""မင်းအဲ့လိုကြပ်ကြပ်အလိုလိုက်
သူက တစ်နေ့တခြား ငယ်သွားမှာ
မဟုတ်ဘူး ကြီးလာမှာ အဲ့လိုကြီးသွား
တဲ့ တစ်လျှောက် မင်းပဲစိတ်ဆင်းရဲရမှာ "ထိုစကားကိုကြားပြီး ဝဲတက်လာတဲ့မျက်ရည်ကြည်တွေကိုဘယ်သူမှ
သတိမထားမိခင်ပြန်လည်သိမ်းဆည်းလိုက်ရသည်။"အာ...မင်းကလည်း ဒါနဲ့ ဟောက်ရွှမ်း
နဲ့ ကျိယန် တို့ ရှေ့အပတ်လောက်ဆို ပြန်လာမယ်လို့ ပြောတယ် ရိပေါ်ရဲ့နှစ်ပတ်လည်မတိုင်ခင် ရောက်လောက်မယ် ထင်တယ် "ဟိုက်ခွမ်း တို့ နဲ့ အတူ ညစာစားပြီး
ပျော်နေတဲ့ ရိပေါ်ကိုကြည့်ရင်း သူပါ
လိုက်ပြုံးမိတယ်။ စန့်ကျင် နဲ့ ရိပေါ်ရဲ့ပြောစကားကိုမကြားခင် အထိပေါ့။"ဟုတ်ပ့ ရိပေါ်ရယ် အဲ့မိန်းကလေးက
အတင့်ကိုရဲလွန်းတယ် ငါ ဆရာအရှေ့
တောင်မမှုဘူး ပေါ်တင်ကိုကြည့်တာ
ငါလည်းအမြင်ကတ်ကတ် နဲ့ ပေတဲ့နဲ့ကို
ကောက်ပေါက်လိုက်တာ ""ဟားဟား ဆရာရယ် အဲ့နေ့ကဆို
ကျွန်တော်ရယ်လိုက်ရတာ အဲ့တာ
တောင် အဲ့ဒီ မိန်းကလေးက မမှုဘူးနော် လွယ်အိတ်ထဲ ပို့စကတ်တောင်
ထပ်ထည့်သွားသေးတယ်...နဖူးမှာ
ပေတံစောင်း အရာကြီး ရဲလို့
ဟား...ဟား"သူတို့နှစ်ယောက် ပြောတာကို
နားထောင်ရင်း ရှောင်းကျန့် သူ့လက်
ထိပ်တွေသူဖဲ့နေမိတယ်။
ဆစ်ခနဲနာကျင်မှုနဲ့အတူ အစိုဓာတ်ကို
ခံစားလိုက်ရတာကြောင့် သူ့လက်ကို
သူငုံ့ကြည့်လိုက်တော့ သွေးထွက်
သွားတာပဲ။ ထိုအချင်းအရာကို မြင်
လိုက်တဲ့ ရိပေါ်မှာချက်ခြင်းဆိုသလို
သူ့လက်မလေးကိုပါးစပ်ထဲထည့်ကာ
ငုံထွေးလိုက်တယ်။ဖြေးဖြေးချင်း သူ့လက်မလေးစုပ်
လိုက်တာ ကြောင့် ခံတွင်းထဲရောက်လို့
သွားတဲ့လက်မလေးဟာ နွေးအိနေတဲ့
အထိတွေ့ကိုမခံစားရဘဲ ခပ်အေးအေး
ဖြစ်နေတဲ့ လျှာဖျားအိအိကို ခံစားမိယလိုက်တယ် ။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳