Unicodeအရှင့်အလိုတော်အတိုင်း (52)
"ထတော့....."
သို့သော်လည်း Penက အဆောင်တော်ရဲ့ ရှေ့မှာ ဒူးထောက်နေသည်မှာ ကြင်ယာတော် အိပ်ပျော်နေသည် ရက်နှင့်တူတူပင်။
သုံးရက်။ သုံးရက်ဆိုသည်မှာ ကုတင်ထက်တွင် လဲနေသည့် ကနာအတွက် အေးချမ်းနေပေမဲ့ Pen အတွက်ကတော့
မစားမသောက်နှင့် ဒူးထောက်နေသည်ခြင်းပင်။သို့သော် စိတ်ဓာတ်မာကျောခြင်းက Penအတွက် မွေးဖွားခြင်းကတည်းက ပါလာသည်မို့ သူ ယနေ့အထိ အသက်ရှင်မလား။
စစ်ဘေးရှောင်မိဘများက စွန့်ပစ်ခဲ့ပြီး ငတ်ပြတ်ကာ သေမည့်ဆဲဆဲအချိန်တွင် ကနာတွေ့ရှိခဲ့ပြီး ကယ်တင်ကာ
နေရာတစ်ခုပေးခဲ့ခြင်း မဟုတ်လား။ကြင်ယာတော် အခြေအနေပိုဆိုးလာခြင်းက သူ၏ အပြစ်မကင်းပေ။တကယ်ဆို အနည်းဆုံးတော့ သူတော်စင်သမားတော်နှင့် တိုင်ပင်ခဲ့သင့်သည်မဟုတ်လား။
"ရပါတယ်...ကြင်ယာတော် နိုးလာတဲ့ အချိန်ကျမှပဲ မတ်တပ်ရပ်ပါ့မယ်..."
"ထ....မဟုတ်ရင် မင်းအောက်ပိုင်းသုံးမရဖြစ်သွားလိမ့်မယ်.."
သူတော်စင်သမားတော်လည်း ထပ်ပြီး မပြောတော့ ။
ဆေးကျိုရန်သာ ပြင်ဆင်တော့သည်။"အိုက်ယား.....အော်....မင်းက...ကောင်လေး ဘေးနားက အစေခံမလား....."
Pen မော့ကြည့်လိုက်တော့ အဘိုးကြီး။
"ဟုတ်ပါတယ်..."
"မင်းက ဘာလို့ ဒူးထောက်နေတာလဲ..."
Penမဖြေ မျက်နှာကိုသာ တစ်ဖက်သို့ လွဲလိုက်သည်။
မပြောချင်သည့် လူကို အဘိုးကြီးကလဲ ထပ်မမေးချင်တာကြောင့် အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။
......................
အခန်းထဲတွင်တော့ မိဖုရားSu၊ Earth၊ ကိုယ်လုပ်တော်Zen၊ တခြား ကိုယ်လုပ်တော် အနည်းသာ။
သူတော်စင်သမားတော်လည်း ကြင်ယာတော်အတွက် ယူဆောင်လာသည့် ဆေးခွက်ထဲသို့ ငွေအပ်စိုက်ထည့်ကာ
စစ်ဆေးလိုက်သည်။
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021