P. 43

3K 260 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း.(43)

"ကယ်ပါ..ကျွန်တော်ကို....ကယ်ပါ...ကျေးဇူးပြုပြီ...."

ကနာ အိမ်မက်မှ ယောင်ယမ်းကာ နိုးလားခဲ့သည့်..။
သူ၏ ဘေးမှာတော့ အိပ်ငိုက်နေတဲ့ Pen ရှိပြီး ကနာ၏
ယောင်ယမ်းမှုကြောင့် သူမ ပင်နိုးလာခဲ့သည်..။

"ကြင်ယာတော်...ကြင်ယာတော်...နိုးလာပြီလား...လာကြစမ်း...သူတော်စင်သမားတော်ကို ခေါ်ကြစမ်..."

Pen၏ အမိန့်ကြောင့် Pen၏ လက်အောက်မှ အစေခံများက သူတောင်စင်သမားကို သွားပင့်ခဲ့သည့်..။

ကနာ ရုတ်တရက် ထလိုက်ကာ တစ်နေရာသို့ သွားရန် ပြင်ဆင်နေသည်..။

"ကြင်ယာတော်...ကြင်ယာတော်...ဒီအဆောင်တော်ကနေ ရွေ့လို့ မရေသးပါဘူး..."

ပြေးထွက်ရန် ပြင်နေသည့် ကနာရှေ့မှ Pen ဒူးထောက်ကာ
တားဆီးလိုက်သည်..။

"ဘာလို့လဲ...ငါ့အဖေ...ငါ့အဖေ ဆီ သွားရမယ်.."

"ကြင်ယာတော်..စိတ်လျော့ပါ...."

"ငါ့ သွားပါရစေ.....အီး..ဟီး...ငါ့..ကို...သွား..သွား.."

"ကြင်ယာတော်...ကြင်ယာတော်..."

တစ်ဖန် ပြန်အိပ်ပျော်သွားတဲ ကနာ အနားမှာတော့
သူတော်စင်သမားတော်က ကနာ၏ လက်ကောက်ဝတ်ကြော
ကို စမ်းသပ်နေသည်..။

"စိုးရိမ်စရာ မရှိတော့ပါဘူး..မင်းကြီး..ကြင်ယာတော်က
စိတ်ထိခိုက်သွားလို့ ပင်းပန်းသွားတာပါ..."

လို့ သူတောင်စင် သမားတော်က လျှောက်တင်တယ်..။

မင်းကြီးလည်း ကနာ၏ လက်ကလေးကို ညင်သာစွာ ကိုင်တွယ်ကာ သူ၏ ပါးပေါ်သို့ အပ်ထားလိုက်သည်..။

"ကျေးဇူးပြုပြီး..ဘာမှထပ် မဖြစ်လိုက်ပါနဲ့..."

"မင်းကြီး ကျွန်တော်မျိုးမ ထပ် တောင်းဆိုစရာ ရှိပါတယ်.."

"ဘာလဲ.."

မင်းကြီးသည် တစ်ခြားသူများကို မကြည့် ။ ဖြူဖွေးနေပြီး
သွေးမရှိသည့် ကနာ၏ မျက်နှာလေးကိုသာ တစိမ့်စိမ့် ကြည့်နေတော့သည်..။

"ကြင်ယာတော်ကို သူတော်စင်ရွာသို့ ပြန်လည်ပို့ဆောင်ပေးပါ အရှင့်.."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now